Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
23 Oct 2024

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်ဝန်ထမ်းများသည် (၁၀.၁၀.၂၀၂၄)ရက်နေ့ နေ့လယ် (၁၂:၅၀)နာရီအချိန်တွင် Myat Ay Kan Co..,Ltd မှ အိမ်မဲမြို့နယ် ဆီကိုယ်စားလှယ်များထံသို့ ပေးပို့သောစားအုန်းဆီများကို ရန်ကုန်မြို့ရှိ တော်ဝင်ဧကရာဇ်ကုမ္ပဏီ၏ (ယာဉ်အမှတ် 6P-6749) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၂၅)ပေပါ (သို့) ပိဿာ ၂၇၅၀  သည် အိမ်မဲမြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

23 Oct 2024

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့်ဝန်ထမ်းများသည် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍  (၁၁.၁၀.၂၀၂၄) ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ် ရေကျော်ရပ်ကွက်ရှိ ဒေါ်မာမာအေးဆန်ဆိုင်နှင့် ဦးဝင်းဌေးဆန်ဆိုင်တို့တွင် ရောင်းချပေးနေသောဆန်များသည် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

23 Oct 2024

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးနှင့်ဝန်ထမ်းများသည်  (၁၁.၁၀.၂၀၂၄)ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ရေကျော်ရပ်ကွက်ရှိ  (ဗိုလ်မ)အမှတ်တံဆိပ် ငါးဖယ်မုန့်လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။   

23 Oct 2024

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးဟောပြောပွဲကို ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၃ရက်နေ့၊ နံနက် ၁၁:၀၀ နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကန့်ဘလူမြို့နယ်၊ လိတ္ထူကျေးရွာ (အ.လ.က)ကျောင်းရှိ ဆရာ/ ဆရာမနှင့် ကျောင်းသာ

23 Oct 2024

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့်ဝန်ထမ်းများသည် မြို့နယ်မီးသတ်ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်ပူးပေါင်း၍ (၁၀.၁၀.၂၀၂၄)ရက်နေ့ နေ့လယ် (၁၁:၃၀)နာရီအချိန်တွင် ရွာလယ်ရပ်ကွက်ရှိ စက်သုံးဆီရောင်းချနေသော ကောင်းထက်ဆီဆိုင်တွင်သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်    ရောင်းချပေးနေခြင်း  ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

Pages