သတင်းနှင့် လှုပ်ရှားမှုများ
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၄ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်၊ အကြီးတန်းစာရေးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော သောက်ရေသန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၁၄ရက်နေ့၊ နံနက် ၀၉:၄၅ နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်၊ အကြီးတန်းစာရေးတို့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ကန့်ဘလူမြို့မဈေးရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်ကျွန်းမြို့နယ်မှဆန်လိုအပ်ချက်ရှိသော တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သို့ ဆန်များတင်ပို့နိုင်ရန်အတွက် (၁၀.၁၀.၂၀၂၄)ရက်နေ့ ညနေ(၁၆:၀၀) နာရီအချိန်တွင် လပွတ္တာခရိုင်အုပ်ချုပ်ရေးမှူးမှဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲကြီးကြပ်ရေးကော်မတီ၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ပါဝင်သ

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မြောင်းမြမြို့နယ် စစ်ဆေးရေးမှူး ဒေါ်ရည်မွန်သန့်နှင့်ဝန်ထမ်းများသည် (၁၀.၁၀.၂၀၂၄)ရက်နေ့ နေ့လယ် (၁:၃၀)နာရီ အချိန်တွင် မြောင်းမြမြို့ အမှတ်(၈)ရပ်ကွက်၊ မြဂုဏ်ရည်လမ်းရှိ Online Sale ရောင်းချနေသော ဒေါ်သင်းနုအေး(သင်းနုမုန့်တိုက်)တွင် Online ရောင်းချနေမှုနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ တို့နှင့်ပူးပေါင်း၍ (၁၁.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊ မင်းပိုင်းရပ်ကွက်၊ သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်သော မြို့နယ်တရားမဝင်ကုန်သွယ်မှုမရှိစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များအားခေါ်ယူ၍ ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ပါသည်။
