
မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်း ကုန်စည် (၁၀)မျိုးထဲမှ အလှကုန်ပစ္စည်းများနှင့် အလှပြင်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများဖြစ်သော ခေါင်းလျော်ရည်၊ ဖြောင့်ဆေး၊ ဆံပင်ကောက်ဆေး အမျိုးမျိုး၊ တစ်ကိုယ်ရေသုံး ဆပ်ပြာအမျိုးမျိုးကို ဈေးကွက်အတွင်း ပြည်သူများအသုံးပြုရန် ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/ မရှိ၊ ကုန်အညွှန်းအမှတ်အသားပါဝင်မှု ရှိ/မရှိ အခြေအနေတို့ကို ၂၅.၁၁.၂၀၂၅ရက်နေ့ (၀၉း၃၀) နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်များရှိ စတိုးဆိုင်၄ဆိုင်အား ကွင်းဆင်းစစ်ဆေးကြသည်။
ထိုသို့ကွင်းဆင်းရာတွင် ပန်းတနော်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ ပန်းတနော်မြို့နယ် စတိုးဆိုင်ဖြစ်သည့် ယူကေစိန်စတိုး၊ မြင့်မြတ်သူစတိုး၊ လရောင်ဝါစတိုး၊ ယွန်းစတိုးဆိုင်များတွင် ရောင်းချနေသော အလှကုန်ပစ္စည်းများနှင့် အလှပြင်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများဖြစ်သော ခေါင်းလျော်ရည်၊ ဖြောင့်ဆေး၊ ဆံပင်ကောက်ဆေး အမျိုးမျိုး၊ တစ်ကိုယ်ရေသုံး ဆပ်ပြာအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဖော်ပြချက်များပါရှိမှုရှိ/မရှိ၊ တရားမဝင်ကုန်စည်များရောင်းချခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊ ခွင့်ပြုချက်များ ပါဝင်မှုရှိမရှိကို ကွင်းဆင်းစစ်ဆေးကြပြီး ကုန်စည်များကိုမှာယူရောင်းချရာတွင် ကုန်စည်အမျိုးအမည်၊ ထုတ်လုပ်သည့် ကုမ္ပဏီ၊ လိပ်စာပါရှိသော အရည်အသွေးစံချိန်စံညွှန်းပြည်မှီသော ကုန်စည်များကိုသာရောင်းချရန်၊ ကလေူငယ်များအတွက် ထိခိုက်စေမည့် အန္တရာယ်ရှိကုန်စည်များကို ရောင်းချခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသားပါရှိသော ကုန်စည်များကိုဦးစားပေးရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
