သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၁၁-၁၀-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဇလွန်မြို့နယ်၊ ဗိုလ်ချုပ်လမ်းရှိ ညောင်ပင်ဈေးရပ်ကွက်နှင့် လမ်းမတော်(မ) ရပ်ကွက်အတွင်း၌ Online စနစ်ဖြင့်ရောင်းချလျက်ရှိသော အထည်အမျိုးမျိုးနှင့် ဆပ်ပြာဆီကုန်ကြမ်းရောင်းချသောဆိုင်များသို့ အွန်လိုင်းမှတ်ပုံတင်ထားမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဇလွန်မြို့နယ်၊ ဗိုလ်ချုပ်လမ်း၊ ညောင်ပင်ဈေးရပ်ကွက်နှင့် လမ်းမတော်(မ)ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချသော အသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မြို့နယ်ဆန်စပါးကုန်သည်များအသင်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းနိုင်ရေး ဓနုဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ (၁၁-၁၀-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ဓနုဖြူမြို့နယ်၏ ဆန်၊ စပါးကုန်သည်များအသင်း ပြန်လည်ဖွဲ့စည်းနိုင်ရန်အတွက် အသင်းဟောင်း ဥက္ကဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်တို့ ဖြင့် ဆွေးနွေးဆုံးဖြတ်ဖွဲ့စည်းခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ အုတ်တွင်းအုပ်စု၊ အရှေ့အုတ်တွင်းကျေးရွာ၌ ကောက်စောမိုးစပါးရိတ်သိမ်းမှုအခြေအနေများကို မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက ကွင်းဆင်းလေ့လာခဲ့ပါသည်။

၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၁၄)ရက်နေ့၊ နေ့လယ်(၁၄း၀၀)နာရီအချိန်တွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် “အဖွားလက်ရာ” အမှတ်တံဆိပ်ပါ အသားဟင်း၊ ငါးဟင်း စည်သွပ်ဘူးများတွင် ရိုက်နှိပ်ထားသော အညွှန်းဖော်ပြချက်များနှင့် စတစ်ကာကပ်၍ဖော်ပြထားသည့် အညွှန်းဖော်ပြချက်များမှာ တူညီမှုမရှိဘဲ ကွဲလွဲမှုများရှိနေကြောင်းကိုသိရှိရသဖြင့် မြိတ်မြို့ပေါ်ရှိ “အဖွားလက်ရာ”အမှတ်တံဆိပ် ရောင်းချနေသောကုန်တိုက်များသို့ ဗဟိုစာရင်းအင်းဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူသွ
