Main menu

လက်ပံတန်းမြို့ရွှေဗျိုင်းဖြူစက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ် မင်းရပ်၊ရပ်ကွက်ရွှေဗျိုင်းဖြူစက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် (၂၅.၁၁.၂၀၂၅) ရက်နေ့ ၊ နေ့ လယ်  (၁၄:၀၀ ) နာရီအချိန်တွင်၊ဦးစီးမှူး-ဒေါ်ခိုင်ခိုင်ရီ  မှ တွေ့ဆုံ ၍ စားသုံးသူ ကာကွယ်ရေး ဥပဒေ  အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သည့် ကုန်စည်(သို့မဟုတ်) ဝန်ဆောင် မှု့၏အာမခံချက်၊သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက် များပေးခြင်း၊စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊  စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ခြင်း၊  ဥပဒေအခန်း (၁၁) ပါ ကုန်စည်နှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင် သည် စားသုံးသူက လက်ခံသုံးစွဲနိုင်သောအရည်အသွေးရှိခြင်း ကုန်စည်၏အရည်အသွေး အချိန်အတွယ်ပမာဏနှင့်အလေးချိန်မှန် ကန်မှုရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊  သုံးစွဲသူ၏လိုအပ်ချက်အတွက် သင့်လျော်မှုရှိခြင်းများကို အထူးအလေးထားဆောင်ရွက်ရန်အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)