Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
24 Oct 2024

        ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ဈေးကွက်အတွင်းရှိ  စားအုန်းဆီဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးဆိုင်များသို့ အထက်အကြီးအကဲများ၏ လမ်းညွှန်မှုဖြင့် အောက်တိုဘာလ(၁၀)ရက်နေ့၊ နေ့လယ်(၁၂း၀၀)နာရီအချိန်တွင် စားအုန်းဆီဈေးနှုန်းမြင့်တက်နေသည့် ကိစ္စနှင့်စပ်လျဉ်း၍ စိစစ်တင်ပြရန်အတွက် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

24 Oct 2024

         ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ခရမ်းမြို့နယ်ဈေးကွက်အတွင်း စားသောက်ကုန်ပစ္စည်းများဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ အောက်တိုဘာလ(၁၁)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် "အဖွားလက်ရာ" အမှတ်တံဆိပ်ပါ အသားဟင်း၊ ငါးဟင်း စည်သွပ်ဘူးများ၌ ကုန်အညွှန်းအမှတ်အသားကွဲလွဲမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

24 Oct 2024

စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တာဝန်ခံသည် မြို့နယ်ပြန်ကြားရေး၊ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၄.၁၀.၂၀၂၄) ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ “စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များဆိုင်ရာ သိကောင်းစရာများအား အသိပညာပေး (Talk Show)”ဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

24 Oct 2024

        စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်အေးအေးမော်နှင့် ဝန်ထမ်းများသည် (၁၄-၁၀-၂၀၂၄)ရက်နေ့တွင် တာမွေမြို့နယ်၊ ကျောက်မြောင်းဈေးအတွင်းရှိ လူသုံးကုန်ပစ္စည်းအမျိုးမျိုးရောင်းချသည့် ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

24 Oct 2024

         ၁၅-၁၀-၂၀၂၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ စားသုံးဆီဖြန့်ဖြူးသည့် ကုမ္ပဏီ ၅ခုမှတာဝန်ခံများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အစည်းအဝေးပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

Pages