Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
24 Oct 2024

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံသည် စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချမှုရှိစေရေးအတွက် ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပြန်/ဆက်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၄-၁၀-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ကံမမြို့အမှတ်(၁၊၂၊၃၊၄)ရပ်ကွက်များရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

24 Oct 2024

၁၅.၁၀.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ချောင်းဆုံမြို့နယ် အမှတ် (၂) မြို့မဈေးရှိ ကုန်စုံဆိုင်များတွင် အသားဟင်း၊ ငါးဟင်း စည်သွပ်ဗူးများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

24 Oct 2024

၁၄.၁၀.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ချောင်းဆုံမြို့နယ်၊ အမှတ် (၂) မြို့မဈေးရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ကွင်ဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

24 Oct 2024

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ရုံးမှ ဝန်ထမ်းများသည် (၁၄.၁၀.၂၀၂၄) ရက်နေ့တွင် ကျိုက်မရောမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်‌အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကျိုက်မရောမြို့နယ်၊ ရှင်စောပုရပ်ကွက်ရှိမြို့မဈေးနှင့် ရန်မျိုးအောင်ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းချသောဆိုင်များသို့သွားရောက်၍ ငရုတ်ဆီနှင့်အချဉ်ရည် အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

24 Oct 2024

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြု ဗဟိုဌာနဖြစ်သော Community Centre ခန်းမတွင် ပြည်သူများအသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး မြို့နယ်ပြန်/ဆက်ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး ဥပဒေအသိပညာပေး Talk Show ကို (၁၅-၁၀-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ပြုလုပ်ခဲ့သည်။

Pages