Main menu

Dumex Dupro အမှတ်တံဆိပ်နှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး နှင့် ဝန်ထမ်းများသည် တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍  (၁၇.၁၁. ၂၀၂၅) ရက်နေ့ နေ့လယ်  (၁၃:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ကျောက္ကာလမ်းပေါ်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များအား ဈေးကွက် စောင်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးက ဈေးကွက်ထဲတွင် Dumex Dugro မှတ်တံစိပ်နှင့် အလားတူပုံစံအတုများထွက်ရှိနေသဖြင့် ကွင်းဆင်းရခြင်းဖြစ်ကြောင်း ပြောကြားပြီး ဌာနခွဲ တာဝန်ခံက Dumex Dugro အစစ်နှင့်အတု ခွဲခြားသိနိုင်မည့်အချက်များအကြောင်း ရှင်းလင်း ပြောကြားခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)