သတင်းနှင့် လှုပ်ရှားမှုများ
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ကုန်ခြောက်ဆိုင်များသို့ အောက်တိုဘာလ(၁၁)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၌ အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိခြင်းအခြေအနေအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ ကော့မှူးမြို့နယ် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် အောက်တိုဘာလ(၁၀)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် ရပ်ကွက်များရှိ စားသောက်ကုန်ပစ္စည်းများဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စုံဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

အထက်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသော စားအုန်းဆီများသည် သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးရန် ညွှန်ကြားချက်အရ သင်္ဃန်းကျွန်းခရိုင်အတွင်းရှိ တောင်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ တာမွေမြို့နယ်၊ ရန်ကင်းမြို့နယ်တို့၏ ဈေးများရှိ စားအုန်းဆီအရောင်းဆိုင်တို့အား (၁၁-၁၀-၂၀၂၄) ရက်နေ့တွင် ဝန်ထမ်းများက မြေပြင်ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

အထက်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသော စားအုန်းဆီများသည် သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးရန် ညွှန်ကြားချက်အရ ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ တောင်ဒဂုံမြို့ နယ်၊ မြောက်ဒဂုံမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အရှေ့ဒဂုံမြို့နယ်တို့၏ ဈေးများရှိ စားအုန်း ဆီအရောင်းဆိုင်တို့အား (၁၁-၁၀-၂၀၂၄) ရက်နေ့တွင် ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

အထက်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသော စားအုန်းဆီများသည် သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြင့်တင်ရောင်းချခြင်းရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးရန် ညွှန်ကြားချက်အရ ဗိုလ်တထောင်ခရိုင်အတွင်းရှိ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ဒေါပုံမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာကေတမြို့နယ်တို့၏ ဈေးများရှိ စားအုန်းဆီအရောင်းဆိုင်တို့အား (၁၀-၁၀-၂၀၂၄) ရက်နေ့တွင် မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
