သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁၁.၃.၂၀၂၅) ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာအုပ်စုရှိ ဓမ္မာရုံ၌ စားသုံးသူပြည်သူ(၈၀)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၁၁.၃.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ လယ်တော်ကျေးရွာ၊ အဝေးပြေးကားဝန်းအတွင်းရှိ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းရုံး၌ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးများအား တွေ့ဆုံဆွေးနွေးခြင်းနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း ၍ မဲဇလီကုန်းမြို့၊ ဗိုလ်အောင်ကျော်ဈေးတာဝန်ခံရုံးတွင် စားသုံးသူပြည်သူများအား(၁၈.၃.၂၀၂၅) ရက်နေ့ နံနက် (၁၁:၀၀)အချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများ ကိုဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၁၂.၃.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် မြန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ရုံးလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မိတ်ဘက်ဌာနဆိုင်ရာများ၊ မြန်အောင်ခရိုင်ဆီကိုယ်စားလှယ်အသင်း ဥက္ကဌ နှင့် ပူးပေါင်း၍(၁၇.၃.၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၃၀) နာရီအချိန်တွင် မြန်အောင်မြို့နယ်အတွင်းရှိ အမှတ်(၁)ရပ်ကွက်၊ မြို့မတဲကြီးကုန်းရပ် ကွက်၊အမှတ်(၃)ရပ်ကွက်၊အင်ပင်မြို့နှင်ဆန်နီချောင်ကျေးရွာရှိ စားအုန်းဆီ ဖြန့်ဖြူးရောင်းချနေမှုနှင့် ပတ်သတ်၍ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါ သည်။
