Main menu

ပြည်ကြီးတံခွန်မြို့နယ်“ ချမ်းမြရွှေပြည်(ယာယီ)”ကားကွင်းရှိ   တစ်ဆင့်ခံဖြန့်ဖြူးရောင်းချသည့် ဈေးသည်များ၊ ဆိုင်ခန်းများဖြင့် ရောင်းချနေသည့် ဈေးသည်များနှင့် ခြင်းဆွဲ ရောင်းချသည့် ဈေးသည်များအား ရောင်းချနေသည့်ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှ

Powered by Drupal

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတို့နှင့် ပူးပေါင်း၍ ၂၈-၇-၂၀၂၆ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြရွှေပြည်(ယာယီ) ကားကွင်းရှိ စည်းကမ်းထိန်းသိမ်းရေးနှင့်သာယာလှပရေး ကော်မတီရုံးခန်း၌ TikTok Social Media ပေါ်တွင် ကျော်စောသတင်းဖြစ်ခဲ့သော ထိုးမုန့်  အမှတ်တံဆိပ် များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ ကိုက်ညီမှု မရှိသည့်အတွက် ကျော်စောသတင်းတွင် ရောင်းချခဲ့သော ရောင်းချသူ ၊ တစ်ဆင့်ခံအနေဖြင့် ဖြန့်ဖြူးရောင်းချခဲ့သူနှင့် ထုတ်လုပ်သည့် လုပ်ငန်းရှင်များအား ခေါ်ယူ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊တားမြစ်ချက်များနှင့် အခန်း(၁၈)ပါကုန်ပစ္စည်းထုပ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာအချက်အလက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါအချက်အလက်များအား အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး လိုက်နာမှု မရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ ထိရောက်စွာအရေးယူခြင်းခံရမည်ကို သိရှိပါကြောင်း ဝန်ခံကတိပြု လက်မှတ်ရေးထိုးစေခဲ့ပါသည်။

          အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ၄-၈-၂၀၂၆ ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများဦးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတို့နှင့် ပူးပေါင်း၍ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြရွှေပြည် (ယာယီ)ကားကွင်းရှိ စည်းကမ်းထိန်းသိမ်းရေးနှင့်သာယာလှပရေး ကော်မတီရုံးခန်း၌ချမ်းမြရွှေပြည်(ယာယီ)ကားကွင်းတွင်တစ်ဆင့်ခံဖြန့်ဖြူးရောင်းချသည့် ဈေးသည်များ၊ ဆိုင်ခန်းများဖြင့် ရောင်းချ နေသည့် ဈေးသည်များနှင့် ခြင်းဆွဲ ရောင်းချသည့် ဈေးသည်များအား ခေါ်ယူ၍  TikTok Social Media ပေါ်တွင် ကျော်စောသတင်းဖြစ်ခဲ့သော ထိုးမုန့်  အမှတ်တံဆိပ်များနှင့် စပ်လျဉ်း၍ အခြားအမှတ်တံဆိပ် များတွင်လည်း နောင်တွင် အလားတူဖြစ်စဉ်မျိုး မဖြစ်ပွားရန် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၄၁ အရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရန်လိုအပ်ကြောင်း၊ ပုဒ်မ ၄၃ အရ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည် ဖြစ်ကြောင်း၊ ပုဒ်မ ၆၈ အရ စီးပွားရေးလုပ်ငန်းရှင် မည်သူမျှ ကုန်အညွှန်းအမှတ် အသားများ ဖော်ပြရာတွင် ပုဒ်မ ၄၃ ပါ ပြဋ္ဌာန်းချက်နှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ်  ရောင်းချခြင်း မပြုကြောင်းနှင့် ပုဒ်မ ၇၃ အရ စီးပွားရေးလုပ်ငန်းရှင် မည်သူမဆို ပုဒ်မ ၆၇ နှင့် ၆၈ တို့ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်မည် ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှုမရှိသော ကုန်စည်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီး ဌာနသို့ Call Center 1535 မှတစ်ဆင့် လိုင်းနံပါတ် 3 အား ရွေးချယ်၍ ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ကြောင်း၊ အွန်လိုင်းစနစ်မှတစ်ဆင့် ရောင်းချမည် ဆိုပါက Online Sale မှတ်ပုံတင်လက်မှတ် လျှောက်ထားရယူပြီးမှသာ ရောင်းချရန်နှင့် ရောင်းချသော ကုန်စည် ဝန်ဆောင်မှုသည် စားသုံးသူ ကာကွယ်ရေးဥပဒေအပါအဝင် သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိသည့်ကုန်စည်ဝန်ဆောင်မှုများကိုသာ ရောင်းချဆောင်ရွက်ရမည ဖြစ်ကြောင်းနှင့်  ဥပဒေပါပြဋ္ဌာန်းချက် များကိုလည်း သိရှိလိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(မန္တလေး)