သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ မြို့နယ်စီမံကိန်းဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၁၂-၆-၂၀၂၄ ရက်နေ့တွင် ရေးမြို့နယ်ရှိ ဆန်ဂိုဒေါင်နှင့်ဆန်ဆိုင်ကြီးများအား ဆန်ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးမောင်မောင်ခိုင်သည် ၁၁.၆.၂၀၂၄ ရက်နေ့တွင် ဗန်းမော်မြို့ ပေါက်ကုန်းရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာမှုလတန်း(လွန်) ကျောင်းသို့သွားရောက်၍ ကျောင်းသား/ သူများ အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဦးဇေယျာအောင်သည် ၁၁.၆.၂၀၂၄ ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မြစ်ကြီးနားမြို့၊ အမှတ်(၁) စည်ပင်သာယာဈေး ကော်မတီရုံးခန်း၌ စားသုံးဆီအမျိုးမျိုးဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်(၁၀)ဦးနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန် အချက်အလက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါ
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၁၁-၆-၂၀၂၄ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပါဝင်သော ပူပေါင်းအဖွဲ့ဖြင့် ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်နှင့် မင်္ဂလာဈေးအတွင်းရှိ ဆန်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချရန်ရည်ရွယ်၍ သိုလှောင်ခြင်း၊ ရောင်းချဖြန့်ဖြူးခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်နှင့် မင
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးတင်မောင်ထွန်း(ရုံးအုပ်)သည် ၁၂.၆.၂၀၂၃ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက်ရှိ ဒေါ်မယ်တင့် ကုန်စုံဆိုင်သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှုရှိ /မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။