သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇)ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် ယန်းလောအုပ်စု၊ ဝေါ်ခုတ်မြို့သစ်ရပ်ကွက်အတွင်းရှိ “မာစီ” အမှတ်တံဆိပ် သောက်ရေသန့် ထုတ်လုပ်ရေးစက်ရုံအား ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြပါရှိရေးတို့နှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး သောက်ရေသန့်ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်နှင့်လည်း တွေ့ဆုံဆွေးနွေးခြင်းလုပ်
ရှမ်းပြည်နယ်တောင်ပိုင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၄.၁၀.၂၀၂၄)ရက်နေ့တွင် လွိုင်လင်မြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ကလေးအဟာရဖြည့်စွက်စာအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော မြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ လက်ပံတန်းမြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးရောင်းချသည့် ဆိုင်များသို့သွားရောက်၍ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၄.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် စားသုံးသူများအသိပညာတိုးပွားစေရေး၊ စားသုံးသူပြည်သူများ ကို စားသုံးသူကာကွယ်ရေးအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရန်နှင့် ကုန်စည်၊ ဝန်ဆောင် မှုနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက မိမိတို့၏ရပိုင်ခွင့်၊ တောင်းဆိုပိုင်ခွင့်၊ အခွင့် အရေးများကို သိရှိနားလည်ပြီး တောင်းဆို၍ ကုစားခွင့်များရရှိစေရန်၊ ကျောင်းနေအရွယ်ကလေးများ ဘေးကင်း လုံခ
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် အောက်တိုဘာလ (၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ တောင်ငူမြို့ရှိ ကုန်စုံဆိုင်ပိုင်ရှင်များအားတွေ့ဆုံပြီး ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန်နှင့် အွန်လိုင်းဝန်ဆောင်မှုနှင့်ပတ်သက်၍ သိကောင်းစရာများကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။
