Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
11 Oct 2024

        စားသုံးသူရေးရာဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူအခွင့်အရေးအပြည့်အဝရရှိရန်နှင့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ တောင်းဆိုရယူတတ်စေရန်ရည်ရွယ်၍ အခြေခံအထက်တန်းကျောင်းများ၌ အသိပညာပေးဟောပြောခြင်းများဆောင်ရွက်လျက်ရှိရာ (၇-၁၀-၂၀၂၄)ရက်နေ့၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် ဓနုဖြူမြို့၊ သပြု(အ.ထ.က)ရှိ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ(၂၂၁)ဦးနှင့် ဆရာ/ဆရာမ ၈ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများဆောင်ရွက်ပေးခဲ့သည်။

11 Oct 2024

       မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ညွှန်ကြားချက်အရ ဈေးကွက်တွင်ဖြစ်ပေါ်နေသည့် ဆေးဝါးများ၏ဈေးနှုန်းအခြေအနေအား ၈.၁၀.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မော်လမြိုင်မြို့ရှိ  K-Mart၊ Ocean Supercenter၊ ဝံဈေး၊ ဇာနည်သျှမ်းဆေးဆိုင်တို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

11 Oct 2024

     ၈.၁၀.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ချောင်းဆုံမြို့နယ်အတွင်းရှိ ဆန်ဂိုဒေါင်များနှင့်ဆန်ဆိုင်များတွင် ဆန်ဈေးနှုန်းများမြင့်တက်လျက်ရှိသည့် အတွက် ဆန်များအားဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်

11 Oct 2024

           ၇.၁၀.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များတွင် ငရုတ်ဆီနှင့် အချဉ်ရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

11 Oct 2024

    (၈.၁၀.၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ရုံးချုပ်မှဦးဆောင်ကျင်းပသော “ဆီထွက်သီးနှံများ စွမ်းအားပြည့်ကြိတ်ခွဲနိုင်မှု အခြေအနေလုပ်ငန်းညှိနှိုင်းအစည်းအဝေး” သို့ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဆီစက်လုပ်ငန်းရှင်များသည် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် (Zoom)ဖြင့် တက်ရောက်ခဲ့ကြသည်။

Pages