သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဦးလှမိုးနိုင်(လ/ထညွှန်မှူး)၊ ဒေါ်ဒေါ် ကြယ်(ဒု-ဦးစီးမှူး)၊ ဗဟိုစာရင်းအင်းအဖွဲ့(CSO)မှ ဒေါ်ချိုချိုဝင်း (ဒု/ညွှန်မှူး)၊ ဒေါ်ခင်မမခိုင် (လ/ ထညွှန်မှူး) တို့သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်တွင် ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ ကုန်စုံဆိုင်များအား ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကိုဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ(၈)ရက်နေ့၊ နံနက် (၀၈း၃၀)နာရီအချိန်တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်အတွင်းရှိ “နီလာ” စတိုးဆိုင်အား ကျွန်းလှမြို့နယ်တာဝန်ခံသည် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊ စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၇-၁၀-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ရ

၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ( ၇ ) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဖောင်းပြင်မြို့နယ်၊ ကျွန်းရွှေဝါရပ်ကွက်ရှိ အမှတ် - ၈၇ မူလွန်ကျောင်းသို့ စားသုံးသူအသိပညာများဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဆရာ/မ ( ၃၀ )ဦး၊ ကျောင်းသား/သူ (၁၀၀)ဦး၊ ပေါင်း(၁၃၀)ဦးတက်ရောက်ခဲ့ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်စီမံချက်များပြည့်မီအောင် ဆောင်ရွက်လျက်ရှိပြီး လိုအပ်ပါက အထူးဈေးကွက်စောင့်ကြည့်ခြင်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ (၇-၁၀-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခ
