သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့်ဝန်ထမ်းများသည် (၇.၁၀.၂၀၂၄)ရက်နေ့ ၊နံနက်(၁၁:၃၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ် အမှတ်(၃) ဟံသာဝတီဖြတ်လမ်း၊ စာရေးကုန်းရပ်ကွက်နှင့် အမှတ်(၄၁) မြို့မလမ်း၊ မင်းပိုင်းရပ်ကွက်တို့တွင် Online Sale ရောင်းချနေသော ဆိုင်ပိုင်ရှင်များအား Online ရောင်းချနေမှုနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် (၇.၁၀.၂၀၂၄)ရက်နေ့ ၊နံနက်(၁၀:၀၀)နာရီအချိန် တွင် မော်ကျွန်းမြို့နယ် အမှတ်(၁၀) အောင်ဆန်း(၁)လမ်း၊ (၁)ရပ်ကွက်နှင့် အမှတ်(၆၉) စွယ်တော်ပတ်လမ်း၊ မြို့မ(၁)ရပ်ကွက်တို့တွင် Online Sale ရောင်းချနေသော ဆိုင်ပိုင်ရှင်များအား Online Sale ရောင်းချနေမှုနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မြောင်းမြမြို့နယ်တာဝန်ခံ ဒု-ခရိုင်ဦးစီးမှူး ဦးလှထွဋ်ဦးနှင့် ဝန်ထမ်းများသည် (၆.၁၀.၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ (၅.၁၀.၂၀၂၄)ရက်နေ့ထုတ် (၄၂)ပေပါ (သို့) ပိဿာ ၄၆၂၀ သည် တော်ဝင်ဧကရာဇ်ကုမ္ပဏီ (7M-1419) မော်တော်ယာဉ်ဖြင့် မြောင်းမြမြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများထည့်သွင်း တွက်ချက်၍ ပြည်တွင်းဈေးကွက်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် “ပြည်တွင်းကုန်သွယ်မှုဖွံးဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နဲ့အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၈)ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်ရှိ “မိဘရိပ်”
