သတင်းနှင့် လှုပ်ရှားမှုများ
မြိတ်ခရိုင်ဆန်ကုန်သည်များအသင်းသည် မြိတ်ခရိုင်အတွက်လိုအပ်သောဆန်များကို (၃၀.၉. ၂၀၂၄)ရက်နေ့တွင် လက်ပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်မှဝယ်ယူ၍ MV အာသာဝတီ ရေယာဉ်ဖြင့် ဆန်အိတ်များသယ်ဆောင်လာခဲ့ပြီး မြိတ်မြို့သို့ (၇.၁၀.၂၀၂၄)ရက်နေ့တွင် ရောက်ရှိလာခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ ပြည်တွင်းဆေးဝါးပြတ်လပ်မှုမရှိစေရေး အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ၉-၁၀-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် အမှတ် (၆၄၀)၊ အနော်မာ(၁၅/နောက်)၊ သာကေတမြို့နယ်ရှိ ဇီဝရှင်ဆေးဆိုင်မှ ဆိုင်တာဝန်ခံ ဒေါ်ခိုင်လဲ့လဲ့ဝင်းနှင့်တွေ့ဆုံ၍ ဆေးဆိုင်အတွင်းရှိ ဆေးဝါးများအခြေအနေများကိုစစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် (၆.၁၀.၂၀၂၄) ရက်နေ့ ၊နံနက် (၁၀:၀၀)နာရီက ညောင်တုန်းမြို့ ဆီရောင်းချသူ လုပ်ငန်းရှင် ၁၅ဦးအား ဖိတ်ကြား၍ အရေးကြီးကုန်စည်ဝန်ဆောင်မှု ဥပဒေအကြောင်းနှင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေး၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်အကြောင်းတို့ကို အသိပညာပေး ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ ပြည်တွင်းဆေးဝါးပြတ်လပ်မှုမရှိစေရေး အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ၉-၁၀-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် အမှတ် (၁၂၁)၊ ရန်ပြေ (၉) လမ်း၊ သာကေတမြို့နယ်ရှိ ဇွဲမာန်ဆေးဆိုင်မှ ဆိုင်တာဝန်ခံနှင့်တွေ့ဆုံ၍ ဆေးဆိုင်အတွင်းရှိ ဆေးဝါးများစစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် တာဝန်ခံသည် မိတ်ဖက်ဌာနများ ပူးပေါင်း၍ ကျောင်းဖွင့်ရာသီတွင် ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူများ စားသုံးသူအခွင့်အရေး ဗဟုသုတကြွယ်စေပြီး တောင်းဆိုတက်ရှိစေရန်နှင့် ဘေးအန္တရာယ်ကင်းသော ကုန်စည်နှင့် အစားအသောက်များ ရွေးချယ်ဝယ်ယူစားသောက်နိုင်ရေးအတွက် (၇.၁၀.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃:၃၀)အချိန်တွင် အသိပညာပေးဟောပြောခဲ့ပါသည်။
