
ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် ဘိလပ်မြေရောင်းချနေသည့်ဆိုင်များအား ပစ္စည်းပြတ်လပ်မှုရှိ/မရှိ ၊ စျေးနှုန်းကြီးမြှင့် မှုရှိ/မရှိ စျေးကွက် အခြေအနေအား ၂၀၂၅ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် ကော့သောင်းမြို့ပေါ်ရှိ ဘိလပ် မြေအရောင်းဆိုင်များအား မြေပြင်တွင်ပစ္စည်းပြတ် လပ် မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ကွင်းဆင်းစုံစမ်းရာတွင် ဘိလပ်မြေစျေးနှုန်းမှာ ယခင်လတွင် ဘိလပ်မြေအမှတ်တံဆိပ် ထိုင်းဆင် (SCG) ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် ၁၉၈၀၀ ကျပ်ရှိပြီး ယခုလတွင် ထိုင်းဆင် (SCG) ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် ၁၈၁၂၅ ကျပ် ဖြစ်ပေါ်လျက်ရှိပြီး၊ ဘိလပ်မြေ အမှတ်တံဆိပ် ထိုင်းကျား (SCG) ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် ၁၇၁၀၀ ကျပ်ရှိပြီး ယခုလတွင် ထိုင်းကျား (SCG) ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် ၁၅၆၅၀ကျပ် ဖြစ်ပေါ်လျက်ရှိရာ ယခင်လနှင့်ယခုလ နှိုင်းယှဉ်ပါက အနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
