Main menu

စစ်ကိုင်းမြို့၊ ရွှေမင်းဝံလေ့ကျင့်ရေး အ.ထ.ကတွင် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများဟောပြော

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဒေါ်ခင်လေးနွယ်နှင့် စစ်ကိုင်းမြို့နယ်တာဝန်ခံ ဦးစီးမှူး ဒေါ်ကေသီအောင်နှင့် ဝန်ထမ်း(၃)ဦးတို့ ဦးဆောင်၍ ၂၀၂၆ခုနှစ်၊ ဩဂုတ်လ ၂၄ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်၊ လေ့ကျင့်ရေး အထက်တန်းကျောင်း၌ ဆရာ/မ(၅)ဦး၊ ကျောင်းသား/ကျောင်းသူ(၁၂၈)ဦး၊ စုစုပေါင်း (၁၃၃)ဦးအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိ‌ကောင်းစရာများ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ ပါသည်။

          အဆိုပါသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်တာဝန်ခံ ဦးစီးမှူး ဒေါ်ကေသီအောင်က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်း စရာများ ဟောပြောဆွေးနွေးခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ပေါ်ပေါက်လာပုံ အဆင့်ဆင့်ကို ပြောကြားပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅) ရက်နေ့၊ ပြည်ထောင်စု လွှတ်တော်ဥပဒေ အမှတ်၉။ဖြင့် ပြဌာန်းခဲ့ပြီး၊ အခန်း(၂၅)ခန်းနှင့် ပုဒ်မ၈၄ခု ပါဝင်ကြောင်း၊ စားသုံးသူကာကွယ်ရေး နည်းဥပဒေကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့က ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း() ပုဒ်မ(၁၉)နှင့်ပုဒ်မ(၂၀)တွင် ပြဌာန်းထားသည့် စားသုံးသူအခွင့် အရေး()ချက်နှင့် စားသုံးသူ၏တာဝန်များကို ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပုဒ်မ(၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြမည့် အချက်() ကို အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ ()နှင့် ပုဒ်မခွဲ()တို့ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ်တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်း ပြောကြားခြင်းနှင့် ဆီစားသုံးခြင်း၏ဆိုးကျိုးများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး၊ စစ်ကိုင်းခရိုင် ဦးစီးမှူးရုံးမှ ဦးစီးမှူး ဒေါ်ခင်လေးနွယ်က အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြားခြင်းနှင့် ကျောင်းမုန့်ဈေးဆိုင်များတွင်လည်း ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊   စားသုံးသူကာကွယ်ရေးဥပဒေသည် စားသုံးသူများကို ကာကွယ်ပေးခြင်းနှင့် လုပ်ငန်းရှင်များကို ထိန်းကြောင်းပေးသည့် ဥပဒေတစ်ခုဖြစ်ပါကြောင်း၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်ပြီး စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးများရှိကြောင်း၊ စားသုံးသူအခွင့်ရေး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက  မိမိတို့ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Website လိပ်စာမှာ www.doca.gov.mm တို့ဖြင့် ဖြစ်စေ၊  Call Center နံပါတ် 1535 တို့ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်းပြောကြားပြီး၊ ရွှေမင်းဝံရပ်၊ လေ့ကျင့်ရေး အထက်တန်းကျောင်းတွင် ကျောင်းသူတစ်ဦးမှာ Call Center နံပါတ် 1535 ဖြင့် နေပြည်တော် (ရုံးချုပ်)သို့ တိုက်ရိုက် ဆက်သွယ်မေးမြန်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)