သတင်းနှင့် လှုပ်ရှားမှုများ
(၇-၁၀-၂၀၂၄)ရက်နေ့ မှော်ဘီမြို့နယ်၊ မြို့မဈေးအတွင်း စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီ မြို့နယ်ခွဲရုံးမှဝန်ထမ်းများသည် အသင့်စားခေါက်ဆွဲထုပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

(၈-၁၀-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ မြို့မဈေးအတွင်း စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီမြို့နယ်ခွဲရုံးမှဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များ၌ စားသုံးဆီအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးမြို့နယ်၊ မြို့နယ်ခွဲတာဝန်ခံနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးမှူး၊ မြို့မဈေးတာဝန်ခံတို့ပူးပေါင်း၍ (၇-၁၀-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့မဈေးအတွင်းရှိ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

၇-၁၀-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အင်းစိန်မြို့နယ်ရှိ အစားအသောက်နှင့်လူသုံးကုန်ပစ္စည်းများရောင်းချနေသော City Mart ဆိုင်၌ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေအရ ပြဋ္ဌာန်းချက်နှင့်ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

၇-၁၀-၂၀၂၄ ရက်နေ့၊ နံနက် (၀၈:၅၀) နာရီအချိန်တွင် အောင်မင်္ဂလာရပ်ကွက်ရုံးခန်းမ၊ လှည်းကူးမြို့နယ်တွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲကျင်းပခဲ့ပါသည်။
