Main menu

MSME လုပ်ငန်းဖြစ်သောနနွင်းမှုန့်၊အရောင်တင်မှုန့်နှင့်ငရုတ်ခွဲကြမ်း ဈေးနှုန်းများကျဆင်းလာခြင်း

Powered by Drupal

                       မြင်းခြံမြို့ရှိရပ်ကွက်နှင့် ကျေးရွာများတွင် မိသားစုတစ်နိုင်တစ်ပိုင် စားဝတ်နေရေးအတွက် MSME လုပ်ငန်းဖြစ်သော အမှုံကြိတ်စက်များဖြင့် အမှုံအမျိုးမျိုးကြိတ်ခွဲထုတ်လုပ် ရောင်းချလျက်ရှိ ကြောင်း၊ ၂၀၂၅ခုနှစ် နိုဝင်ဘာလ၌ နနွင်းမှုံတစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ အရောင်တင်မှုံ တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ ငရုတ်ခွဲကြမ်း တစ်ပိဿာလျှင် (၁၇၀၀၀) ကျပ်ပေါက်ဈေး များဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်လနှင့်နှိုင်းယှဉ်ပါက ယခုလတွင် နနွင်းမှုန့်၊ အရောင်တင်မှုန့်နှင့် ငရုတ်ခွဲကြမ်းအစစုံ တစ်ပိဿာလျှင် (၁၀၀၀)ကျပ်ခန့်ဈေးနှုန်းများ ကျဆင်းခဲ့ ကြောင်းသိရရှိသည်။ ငရုတ်နှင့် နနွင်းတက်များ ထွက်ပေါ်ချိန်ဖြစ်သောကြောင့် ဈေးနှုန်းများ ကျဆင်းခြင်းဖြစ်ကြောင်း၊ အရည်အသွေးအမျိုးအစား ပေါ်မှုတည်၍ ဈေးနှုန်းများ အနည်းငယ် ကွာခြားကြောင်း၊ နနွင်းမှုန့်၊ အရောင်တင်မှုန်နှင့် ငရုတ်ခွဲကြမ်းများကို ဟင်းလျာများချက်ပြုတ်ရာ၌ နေ့စဉ်ဟင်းလျာများ ချက်ပြုတ်ရာတွင် အသုံးပြုသောကြောင့် အရောင်းအဝယ်ကောင်းကြောင်း၊ တစ်လလျှင် (၁၅-၂၀) ရက်ကြိတ်ခွဲ ထုတ်လုပ်ရကြောင်း၊ သုံးစွဲမှုအနေဖြင့် မြို့‌ပေါ်ရှိရပ်ကွက်များနှင့် ကျေးရွာများ အပါအဝင်  တောင်သာ မြို့နှင့် နွားထိုးကြီးမြို့သို့ တင်ပို့ရောင်းချကြောင်းသိရှိရသည်။ အမှုန့်ကြိတ်ခွဲ  ထုတ်လုပ်ရန်အတွက် ကုန်ကြမ်းသီးနှံဖြစ်သော နနွင်းတက်များကို ကျောက်ဆည်မြို့ မှဝယ်ယူကြောင်း၊ ငရုတ်သီးခြောက် အတောင့်များကို  တောင်သာမြို့၊ နွားထိုးကြီးမြို့နှင့် ပခုက္ကူမြို့တို့မှ မှာယူတင်သွင်း ရောင်းချကြောင်း သိရှိရသည်။

DOCA(မန္တလေး)