သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍(၈.၁၀.၂၀၂၄)ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် ဆိပ်ကမ်းသာဈေးအတွင်းရှိ မြင့်မိုရ်ဆေးဆိုင်နှင့် အောင်ဆေးဆိုင်များအား ဆေးဝါးပြတ်လပ်မှု ရှိ/မရှိ နှင့် ဈေးနှုန်းအခြေအနေများအားကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၈.၁၀.၂၀၂၄)ရက်နေ့ မွန်းလွဲ(၁၃:၀၀)နာရီအချိန်တွင် (၁၃)လမ်းရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချ နေသောအသင့်စားခေါက်ဆွဲခြောက်ထုပ်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် မြိတ်မြို့၊ တောရကျောင်းရပ်ရှိ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်၍ ဘိလပ်မြေများ၏ လက်ကျန်နှင့် စျေးနှုန်းအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၉)ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မြိတ်မြို့၊ ကန်ခေါင်းရပ်၊ စကားဝါလမ်းတွင် ရောင်းချနေသော A.A.A အမှတ်တံဆိပ်ဒိန်ချဉ်၊ ထိုးမုန့်အမျိုးမျိုးရောင်းချနေသောလုပ်ငန်းရှင်နှင့် တွေ့ဆုံကာ ကုန်အညွှန်းအမှတ်အသားပါရှိစေရေးအတွက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားအကြောင်း အသိပညာပေးတွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် ဆီအသင်းဥက္ကဌဦးသိန်းကျော်နှင့်ပူးပေါင်း၍ (၆.၁၀.၂၀၂၄)ရက်နေ့ ည(၁၉:၀၀)နာရီအချိန်တွင် မော်ကျွန်းမြို့နယ်ရှိစားအုန်းဆီ လက်လီ/လက္ကားကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ တော်ဝင်ဧကရာဇ်ကုမ္ပဏီ၏ (ယာဉ်အမှတ် 4M-7214) မော်တော်ယာဉ် ဖြင့်စားအုန်းဆီ (၃၈)ပေပါ (သို့) ပိဿာ ၄၁၈၀ သည် မော်ကျွန်းမြို့သို့ ရောက်ရှိလာခဲ့ကြောင်း မြို့နယ်တာဝန်ခံထံမှသိရှ