သတင်းနှင့် လှုပ်ရှားမှုများ
၉.၁၀.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် မော်လမြိုင်မြို့နယ်၊ ဖက်ခင်းရပ်ကွက်ရှိ K-Mart Super Market ရှိ ငရုတ်ဆီနှင့်အချဉ်ရည်အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

၈.၁၀.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ ဈေးကြိုရပ်ကွက်ရှိ ဝံဈေးစင်တာသို့ သွားရောက်၍ ငရုတ်ဆီနှင့်အချဉ်ရည် အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ မြို့နယ်တာဝန်ခံသည် မြို့နယ်ပြန်ဆက်၊ အားကာဌာနတို့နှင့် ပူးပေါင်း၍ ၄.၁၀.၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လင်သတ်ကွင်း အ.လ.ကကျောင်းတွင် ကျောင်းသား/သူ (၁၅၂) ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များတွင် ပုံမှန်ရောင်းချလျက်ရှိပြီး စက်သုံးဆီ (၄) မျိုးအား အပြည့်အဝရောင်းချပေးနိုင်ပြီး လျော့နည်းမှုများ မရှိကြောင်း စိစစ်တွေ့ရှိရပါသည်။ ပြည်ပမှ စက်သုံးဆီများမှာယူတင်သွင်းပြီး၊ ထုတ်ယူမည့် Terminal များမှ ခွင့်ပြုချက်များအပေါ် အဆင့်ဆင့် စောင့်ဆိုင်းထုတ်ယူရရှိကြောင်း ကန်ကြီးထောင့်မြို့နယ် အတွင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။ ဆီကားများ ပုံမှန်ရောက်ရှိ၍ ဆီဆိုင်များမှာလည်း ပုံမှန်အတိုင်း ဖြန့်ဖြူးရောင်

၇.၁၀.၂၀၂၄ ရက်နေ့ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ စားသုံးသူရေးရာဌာနခွဲမှ တာဝန်ရှိသူသည် BG ဘဏ်မှ တာဝန်ရှိသူနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
