Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
15 Oct 2024

        ၉-၁၀-၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ ဖက်ခင်းရပ်ကွက်ရှိ K - Mart သို့သွားရောက်၍ ငရုတ်ဆီနှင့်အချဉ်ရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်ခဲ့ပါသည်။

15 Oct 2024

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ  ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်  (၉.၁၀.၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် တောင်ဒဂုံ မြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီ/ လက်ကားရောင်းချနေသော ကိုယ်စားလှယ်ဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

15 Oct 2024

        ၇-၁၀-၂၀၂၄ ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်မှစ၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆောင်၍ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်းကာ ကျိုက်ထိုမြို့နယ်၊ ငယ်ဒိုးကျေးရွာရှိ First December သောက်ရေသန့်စက်ရုံသို့ သွားရောက်၍ ရေသန့်လုပ်ငန်းနှင့်သက်ဆိုင်သော အထောက်အထားများ၊ ရေသန့်ထုတ်လုပ်မှုအဆင့်ဆင့်နှင့် ဝန်ထမ်းအင်အားအခြေအနေ၊ လျှပ်စစ်ဓာတ်အားအသုံးပြုမှု၊ မီးဘေးကာကွယ်ရေးအခြေအနေများနှင့် ရောင်းဝယ်ဖြန့်ဖြူးမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာ၌ စားသုံးသူရေးရာ

15 Oct 2024

    စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြတ်သက်နိုင် (ဌာနခွဲစာရေး) နှင့် ဝန်ထမ်းများသည် တောင်ဥက္ကလာပမြို့နယ်၊ ဝေဇန္တယာ City Mark မှ တာဝန်ခံနှင့်တွေ့ဆုံ၍ ၉.၁၀.၂၀၂၄ ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

15 Oct 2024

           ၁၀-၁၀-၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ ဘိုကုန်းရပ်ကွက်ရှိ Ocean Supercenter သို့သွားရောက်၍ အသားဟင်း၊ ငါးဟင်းစည်သွပ်ဘူးများပေါ်တွင် ရိုက်နှိပ်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် စတေကာကပ်၍ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များမှာ တူညီမှုမရှိဘဲ ကွဲလွဲမှုများဖြစ်ပေါ်လျက်ရှိ/ မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်ခဲ့ပါသည်။

Pages