Main menu

မအူပင်မြို့နယ် ဘိလပ်မြေအရောင်းဆိုင်လုပ်ငန်းရှင် တွေ့ဆုံဆွေးနွေး

Powered by Drupal

      (၂၁.၁၁.၂၀၂၅)နေ့ နေ့လယ်(၁)နာရီအချိန် တွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် စစစ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဆောက်လုပ်ရေးသုံးပစ္စည်း ရောင်းချသောလုပ်ငန်းရှင်များအား ခေါ်ယူပြီး ကုန်ဈေးနှုန်းတည်ငြိမ်စေရေးလုပ်ငန်းရှင် တွေ့ဆုံဆွေး နွေးပွဲပြုလုပ်ကျင်းပခဲ့ကြသည်။

     တွေ့ဆုံဆွေးနွေးရာတွင် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက မြို့နယ်အတွင်း ရောင်းချ နေသော ဘိလပ်မြေအပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ ဈေးနှုန်းတည်ငြိမ်စွာ ရောင်းချ နိုင်ရေးကို အပတ်စဉ် ကွင်းဆင်းစစ်ဆေး ဈေးနှုန်းကောက်ယူ၍ တိုင်းဒေသကြီးသို့ အပတ်စဉ် တင်ပြလျက်ရှိပြီး မြေပြင်ရောင်းချနေသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ တွေ့ဆုံရောင်းချမှုနှင့် ဘိလပ်မြေဈေးနှုန်း ဘိလပ်မြေဝင်ရောက်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

     ရောင်းချသောလုပ်ငန်းရှင်များကို မြို့နယ်အတွင်း ‌ရောင်းချရာတွင် စျေးနှုန်းကြီး မြင့်စွာ ရောင်းချမှုမရှိစေရေးနှင့် လက်ရှိတွင် ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း တွေ့ရှိရပြီး၊ လုပ်ငန်းရှင်များ ကလည်း သက်ဆိုင်ရာဌာနတို့၏ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန်၊ လုပ်ငန်းရှင်များမှ စျေးနှုန်း ကြီးမြင့်စွာရောင်းချပါက ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ၊ စစစနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများကလည်း ကုန်ဈေးနှုန်းကြီးမြင့်မှု မရှိစေရေးကို ရောင်းချသူဆိုင်စာရင်းများနှင့် ဈေးကွက် အတွင်း စီစစ်ကြပ် မတ်နိုင်ရေးကို အပတ်စဉ်၊ လစဉ် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အထက် ဌာန၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်နိုင်ရန် ထည့်သွင်းဆွေးနွေးခဲ့ကြပြီး  ဆွေးနွေးပွဲသို့ လုပ်ငန်း (၁)ဦးတက်ရောက်ခဲ့ပြီး သိရှိလိုသည်များ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

DOCA(ဧရာဝတီ)