သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် (၂၅-၉-၂၀၂၄)ရက်နေ့၊ နေ့လယ်(၃:၁၅)နာရီအချိန်တွင် မော်ကျွန်းမြို့နယ်ရှိ ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ တော်ဝင်ဧကရာဇ်ကုမ္ပဏီ၏ (ယာဉ်အမှတ် 8G-3069)မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၃၇)ပေပါ (သို့) ပိဿာ၄၀၇၀သည် မော်ကျွန်းမြို့သို့ရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင် များအသင်းနှင့်ပူးပေါင်း၍ (၂၇-၉-၂၀၂၄) ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် အိမ်မဲမြို့နယ်မြို့မဈေးရှိ ဆန်ဆိုင်များတွင် ရောင်းချပေးနေသောဆန်များကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့်ဝန်ထမ်းများသည် (၂၆-၉-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊ ညိမ်းချမ်း ကုန်စုံဆိုင်တွင် ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဆီရောင်းချပေးနေမှုအပေါ် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အဆိုပါဆီဝယ်စာအုပ်များဖြင့် စားအုန်းဆီဝယ်ယူရရှိနေမှုအပေါ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးဆောင်၍ စားအုန်းဆီရောင်းချနေသောဆိုင်အား အလေးချိန်ပြည့်ဝမှန်က

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့်ဝန်ထမ်းများသည် (၂၅-၉-၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် ကျုံမငေးအကယ်ဒမီဆန်စက်တွင် ရောင်းချပေးနေသောဆန်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေးနေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးပြီး ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းကာ နံနက်(၁၀:၀၀)နာရီအချိန်တွင်လည်း ဈေးရပ်ကွက်ရှိ ဆန်ရောင်းချနေသောဆိုင်များတွင် ရောင်းချနေသောဆန်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (၁) ၌ (၂၇-၉-၂၀၂၄) ရက်နေ့၊ နံနက် ၀၈း၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူများ ကျန်းမာရေးထိခိုက်မှုမရှိစေရန်အတွက် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသော ဈေးဆိုင်များအား စားသုံးရန်မသင့်သည့် အစားအစာများရောင်းချမှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
