သတင်းနှင့် လှုပ်ရှားမှုများ
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် တောင်ကြီးမြို့ပေါ်ရှိ လက်လီ/လက်ကားရောင်းချနေသောဆေးဆိုင်များ ဆေးနှင့်ဆေးဝါးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ဆေးပစ္စည်းများပြတ်လမ်မှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များအား လိုက်နာဆောင်ရွက်ခြင်းဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး မိမိတို့လုပ်ငန်းများ ထုတ်ကုန်လုံခြုံစိတ်ချမှုရရှိပြီး အကျိုးစီးပွားအောင်မြင်စေရန်အတွက် ဒေသတွင်း စားသောက်ကုန်ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များကို ခေါ်ယူ၍ အသိပညာပေး ဆွေးနွေးလျက်ရှိပါသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှုမရှိစေရေးအတွက် ပလတ်စတစ်သုံးစွဲမှုလျော့ချရေး Campaign အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် အပတ်စဉ် တနင်္လာနေ့တိုင်းအား ပလတ်စတစ်မသုံးစွဲရနေ့ဟုသတ်မှတ်ပြီး စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဈေးကော်မတီများပူးပေါင်း ဆောင်ရွက်လျက်ရှိရာ (၃၀.၉.

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် လွိုင်လင်မြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်လုံ)၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခဲ့ပါသည်။ ထိုဟောပြောပွဲသို့ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ (၅၀)ဦးတက်ရောက်ခဲ့ပါသည်။

(၂၅.၉.၂၀၂၄)ရက်နေ့(၀၉:၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ ကုန်စုံဆိုင်များတွင်ရောင်းချနေသော အသင့်ဖျော်ကော်ဖီထုတ်အမျိုးမျိုးအား စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်း၍ ဈေးကွက်အတွင်းရောင်းချနေသည့် တရားမဝင်ကော်ဖီမစ်များရောင်းချခြင်းရှိ/ မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည်စုံစွာဖော်ပြပါဝင်ခြင်း ရှိ/ မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
