ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို

အိန္ဒိယနိုင်ငံတွင် ယခုနှစ် မိုးသီးနှံရာသီ၌ စိုက်ပျိုးမှုလျော့နည်းလာခြင်းနှင့် အဓိကစိုက်ပျိုး သည့်ဒေသများတွင် မိုးရေချိန်များပြားခြင်းတို့ကြောင့် မိုးမတ်ပဲအထွက်မှာ ယခင်နှစ်၌ တန်ချိန် ၁.၂ သန်းခန့်ရှိရာမှ ယခုနှစ်တွင် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း အထိ ကျဆင်းဖွယ်ရှိသည်ဟု အစိုးရဌာန ဆိုင်ရာ အရာရှိတစ်ဦးက ပြောကြားခဲ့ပါသည်။
ထိုင်းဆန်တင်ပို့သူများအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁ရက်နေ့မှစတင်၍ ကောက်ခံမည့် အမေရိကန်အခွန်နှုန်းထားအသစ် ၁၉ ရာခိုင်နှုန်း၏ သွင်းကုန်ပစ္စည်းများအပေါ် လက်ငင်းသက် ရောက်နိုင်မှုကို လျှော့တွက်ထားကြသည်။
အာရှဈေးကွက်တွင် ဆန်ဈေးနှုန်းကျဆင်းနေသည့်ကြားမှ ဗီယက်နမ်ဆန်ဈေးနှုန်းသည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ကမ္ဘာ့အမြင့်ဆုံးဈေးနှုန်းဖြစ်လာခဲ့သည်ဟု ဗီယက်နမ် စားနပ် ရိက္ခာအသင်း (VFA) က ပြောကြားကြောင်း Vietnam News သတင်းဌာနက ဩဂုတ် ၄ ရက်နေ့၌ ဖော်ပြပါသည်။
ဖိလစ်ပိုင်နိုင်ငံ၌ စပါးရိတ်သိမ်းထွက်ရှိမှုမှာ စံချိန်တင်မြင့်မားဖွယ်ရှိသည်ဟု ခန့်မှန်းထားရှိ သော်လည်း ပြည်တွင်းမှ ထုတ်လုပ်မှုသည် တိုးတက်လျက်ရှိသော ဆန်ဝယ်လိုအားကို ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်စွမ်းမရှိသဖြင့် ယခုနှစ်တွင် ဆန်တန်ချိန် ၄ သန်းကျော်အထိ တင်သွင်းရဖွယ်ရှိနေပါသည်။
