ကုန်သွယ်မှုသတင်းများ
တောင်ငူမြို့ ညောင်ပင်လေးဈေးသို့ ဒေသ/မြို့များအသီးသီးမှ ဒေသထွက်သီးနှံများ တင်ပို့ရောင်းချလျက်ရှိရာ ရှမ်းပြည်ဘက်မှ ဝင်ရောက်လာသော သရက်သီးမှာ အသေး(၁)ပိဿာ ၃၀၀၀ကျပ်၊ အလတ်(၁)ပိဿာ ၄၀၀၀ကျပ်ရှိပြီး သရက်သီးအမှည့်မှာ အလုံး၊ အကြီး/အသေးပေါ် မူတည်၍ ၁၀၀၀ ကျပ်မှ ၁၅၀၀-၂၀၀၀ကျပ်အထိ ဈေးရှိပါသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအလေးထားသည့်နိုင်ငံဖြစ်သည်နှင့်အညီ စိုက်ပျိုးရေး သွင်းအားစုများအား ပြည်ပမှတင်သွင်း၍အသုံးပြုရပါသည်။ စိုက်ပျိုးရေးလုပ်ငန်းများတွင် စိုက်ပျိုးရေးသွင်းအားစုများသည် မရှိမဖြစ်လိုအပ်သောပစ္စည်းများဖြစ်ပါသည်။

ပြောင်းဖူးသည် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ရာသီဥတုဒဏ်ခံနိုင်သော အပင်တစ်မျိုး ဖြစ်သည့်အပြင် ပြောင်းဖူးကိုလည်းနည်းလမ်းမျိုးစုံဖြင့် ကြော်၍လည်းကောင်း၊ ပြုတ်၍လည်းကောင်း စားသုံးကြ သကဲ့သို့ မီးဖြင့်ဖုတ်၍လည်းစားသုံးကြပါသည်။

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါး များကို ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိပြီး ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိပြီး၊ အသားငါး ဈေးနှုန်းများထဲမှ ငါးဈေးနှုန်းလည်း မြင့်တက်လျက်ရှိပါသည်။

ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများရှိ နေအိမ်ခြံစည်းရိုးများနှင့် တောင်ယာကုန်းကွက်များတွင် တဇောင်းပင်များ သဘာဝအလျှောက် အလေ့ကျပေါက်ရောက်လေ့သည့်နေအိမ်ခြံစည်းရိုးများ၌ စိုက်ပျိုးသည့်အလေ့လဲရှိကြပြီး ရာသီအလိုက် ဖူးပွင့်လာသော တဇောင်းဖူးများကို ချို၍ ရောင်း
