ကုန်သွယ်မှုသတင်းများ
တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။
၂၈.၆.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-
တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ရှိ ငှက်ပျောသီးဈေးကွက်တွင် ယခု၂၀၂၃ခုနှစ်၊ ဇွန်လ၊ နောက်ဆုံးအပတ်တွင် ရခိုင်ငှက်ပျောသီးများမှာ ဈေးကောင်းရနေပါသည်။ ရခိုင်ငှက်ပျောသီးမှာ ဘာသာရေးပွဲများဖြစ်သည့် ဘုရားပွဲ၊ နတ်ပွဲများတွင် အသုံးပြုသဖြင့် အလှူမင်္ဂလာပွဲရာသီချိန်များနှင့် နတ်ပွဲရာသီချိန်များတွင် ရောင်းအားကောင်းပါသည်။

တောင်ငူမြို့၊ ညောင်ပင်လေးဈေးသို့ ဝင်ရောက်လာသော မော်လမြိုင်မြို့မှ ဒညင်းသီးများမှာ ပြုတ်ပြီး ဆီစိမ်၍ စားလျှင်ဖြစ်စေ၊ ချက်စားလျှင်ဖြစ်စေ အလွန်စေးသောဒညင်းသီးဖြစ်ပါသည်။ သံတောင်ဒညင်းသီးမှာ အဝင်နည်းနေပါသေးသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် တင်ပြလျက်ရှိပါသည်။
