ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ယခင်အပတ်က 92 RON တစ်လီတာလျှင် ၂၀၀၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၀၉၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၉၃၅ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၂၀၁၀ ကျပ်ရှိခဲ့ပါသည်။
ယခုအပတ်တွင် တောင်ငူမြို့၌ 92 RON တစ်လီတာလျှင် ၂၀၅၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၁၆၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၀၃၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၁၂၀ ကျပ်ရှိကြောင်း ဖြိုးဝေကျော်စက်သုံးဆီ အရောင်းဆိုင်မှ ဈေးနှုန်းရရှိပါသည်။
ဖြူးမြို့ ၊ ဆေးရုံရပ်ကွက်ရှိ ဒေါ်သင်းသင်းကြူပဲပွကြော်လုပ်ငန်းသည် ဖြူးမြို့တွင် အောင်မြင်သော လုပ်ငန်းဖြစ်ပါသည်။ ၁၉၇၃ ခုနှစ်၊ မိဘများလက်ထက်ကတည်းက စတင်လုပ်ဆောင်ခဲ့ရာ နှစ် ၅၀ ခန့်ရှိနေပြီဖြစ်ပါသည်။ ဆန်ကွဲကိုအခြေခံ၍ ပြုလုပ်ရသော စားသောက်ကုန်ဖြစ်ပါသည်။

တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၆၅၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၈၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ပါသည်။
တောင်ငူမြို့ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ငရုတ်သီးစိမ်း (မိုးထောင် သီး)မှာ တစ်ပိဿာလျှင် ၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ကုလားအော်သီးမှာ ယခင်အပတ် က တစ်ပိဿာလျှင် ၁၉၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၂၀၀၀ ကျပ် ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ပါသည်။ ယခုအခါတွင် ငရုတ်သီးစိမ်း(ကျောက်စိမ်းသီး)များ တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၄၀၀၀ ကျပ်အထိဖြင့် ဝင်ရောက်လာပါသည်။
ဖြူးမြို့ ခြံဝင်းကျယ်တွင် တစ်ပိုင်တစ်နိုင်သံပုရာသီး စိုက်ပျိုးသူတို့ အပိုဝင်ငွေရလျက်ရှိပါသည်။ သံပုရာပင်သည် နှစ်နှစ်သားခန့်တွင် အသီးစတင်သီးပါသည်။ အသီးအားကောင်းစေရန် အတွက် ၁၅:၁၅ ပတ်လည် အပင်အားဆေးကျွေးပြီး ရေလောင်းပေးရပါသည်။ သက်တမ်းရင့် သံပုရာ ပင်တစ်ပင်သည် တစ်နှစ်လျှင် အသီး အလုံး ၁၀၀၀ ခန့်သီးပါသည်။
