Main menu

တောင်ငူမြို့တွင် စက်သုံးဆီဈေးပြန်လည်မြင့်တက်

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ယခင်အပတ်က 92 RON တစ်လီတာလျှင် ၂၀၀၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၀၉၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၉၃၅ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၂၀၁၀ ကျပ်ရှိခဲ့ပါသည်။

     ယခုအပတ်တွင် တောင်ငူမြို့၌ 92 RON တစ်လီတာလျှင် ၂၀၅၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၁၆၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၀၃၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၁၂၀ ကျပ်ရှိကြောင်း ဖြိုးဝေကျော်စက်သုံးဆီ အရောင်းဆိုင်မှ ဈေးနှုန်းရရှိပါသည်။

    အုတ်တွင်းမြို့တွင် 92 RON တစ်လီတာလျှင် ၂၀၆၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၁၆၅ ကျပ်၊ ဒီဇယ် တစ်လီတာ လျှင် ၂၀၄၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၁၂၅ ကျပ် ရှိကြောင်း Prtro-K စက်သုံးဆီအရောင်းဆိုင်မှ ဈေးနှုန်းရရှိပါသည်။

    ရေတာရှည်မြို့တွင် 92 RON တစ်လီတာလျှင် ၂၀၆၅ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၁၇၀ ကျပ်၊ ဒီဇယ် တစ်လီတာ လျှင် ၂၀၅၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၁၃၀ ကျပ် ရှိကြောင်း အောင်မေတ္တာ စက်သုံးဆီအရောင်းဆိုင်မှ ဈေးနှုန်းရရှိပါသည်။

    သို့ဖြစ်၍ ယခုအပတ်တွင် ယခင်အပတ်ကထက် စက်သုံးဆီဈေးနှုန်းများမှာ တစ်လီတာ လျှင် ၅၀ ကျပ်မှ ၉၀ ကျပ်ခန့်အထိ မြင့်တက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)