ကုန်သွယ်မှုသတင်းများ
ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီး နှင့် ဘိုကိတ်ပဲများ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲသီးနှံများမှာ အခြားတိုင်း များသို့လည်း တင်ပို့မှုရှိပြီး၊ ပဲကြီး၊ ကုလားပဲနှင့် ဘိုကိတ်ပဲများမှာ မြို့တွင်းရောင်းဝယ်မှုများပြီး တစ်ခါတစ်ရံမှသာ ရန်ကုန်နှင့် နယ်စုံသို့ တင်ပို့ရောင်းချမှုများရှိခဲ့ပါသည်။
မတ်ပဲ
ပြည်ဈေးကွက်သို့ ပခုက္ကူ၊ ကျောက်ပန်းတောင်းနှင့် သရက်စသည့်နယ်ဘက်မှ ကြက်သွန်နီများ ပိဿာ (၃၅၀၀၀)ခန့် ရက်ခြားအဝင်ရှိနေပြီး ပုံမှန်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။ ဈေးနှုန်းမှာ ပွဲရုံများ၌ လက်ကားတစ်ပိဿာလျှင် ကြီး/လတ်/သေး ကျပ် (၉၀၀/၂၀၀၀-၂၁၀၀/၂၂၀၀)နှုန်း တို့ရှိပြီး လက်လီဈေးအသေးများတွင် ကျပ် (၂၂၀၀/၂၃၀၀/၂၄၀၀) နှုန်းတို့ဖြင့် ရောင်းဝယ်မှု ရှိနေပါသည်။ ဈေးကွက်အတွင်း ဒေသတွင်း ဝယ်လက်များ၊ အိတ်ဆွဲဝယ်ရောင်းသမားများ၊ တိုင်းအတွင်း သာယာဝတီခရိုင်နှင့် ပန်းတောင်း(ဥသျှစ်ပင်)တို့သို့လည်းကောင်း
မြန်မာဆေးဖက်ဝင် အသီးတစ်မျိုးဖြစ်သော ကြောင်လျှာသီးမှာ ဖန်ခါးသောအရသာရှိ၍ ပူစပ်ကာ နှုတ်ကိုမြိန်စေခြင်း ၊ ဝမ်းမီးတောက်စေပြီး ဖျားနာ၊ အစာမကြေ၊ ပျို့အန်၊ ချောင်းဆိုးရောဂါတို့ကို ပျောက်ကင်းစေနိုင်ကာ ခွန်အားတိုးပွားစေသည်ဟု သိရှိရပါသည်။ ထိုကဲ့သို့ ဆေးဖက်ဝင်သော ကြောင်လျှာသီးများကို ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်အတွင်းရှိ မြို့နယ်များတွင် နှစ်ရှည်သီးနှံအဖြစ် စိုက်ပျိုးကြပြီး ပြည်မြို့ပေါ်ဈေးများသို့ တင်ပို့ရောင်းချကြပါသည်။
ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရရှိသော အဝါရောင်ရွှေဖရုံသီးသည် အသီးသာမက အရွက်ညွန့်နှင့် အစေ့အထိပါ အသုံးဝင်ပြီး ချိုသောအရသာရှိကာ ကလေးငယ်များအတွက် ဝါ၊ စိမ်း၊ နီ ဖြည့်စွက်စာအဖြစ် ကျွေးသင့်၍ အာဟာရဓါတ်များစွာပါဝင်သောအသီး တစ်မျိုးဖြစ်သဖြင့် ဈေးကွက်ခိုင်မာရရှိပြီးဖြစ်ကာ ပြည်ဈေးကွက်သို့ ပုတီးကုန်း၊ ဝက်ပုတ်၊ ရွှေတောင်၊ ထန်းကုန်း၊ ဇီးအုပ်၊ နတ်တလင်း စသည့်နယ်ဘက်များမှ ဝင်ရောက်လျက်ရှိပါသည်။
အုန်းစိမ်းရည်ကို ယခင်ကပင်လယ်ကမ်းခြေဒေသများသို့ သွားရောက်လည်ပတ်သည့်အခါမှသာ သောက်သုံးကြပါသည်။ ကိုဗစ် ၁၉ ကာလမှစ၍ အုန်းစိမ်းရည်ကို နေရာအနှံ့အပြားတွင် ရောင်းချကြပြီး ကျန်းမာရေးအတွက် သောက်သုံးသူ များပြားလာကြပါသည်။ အုန်းစိမ်းရည်သည် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ပေးနိုင်ကြောင်း သိရှိရပါသည်။ အုန်းစိမ်းတစ်လုံးလျှင် အုန်းရည် (၂၀၀)မီလီလီတာမှ (၁၀၀၀) မီလီလီတာအထိ ပါဝင်ကြောင်း သိရှိရပါသည်။ အုန်းစိမ်းရည်သည် အရသာရှိပြီး ကယ်လိုရီပါဝင်မှုနည်းသော သဘာဝအချိုရည်တစ်မျိုးဖြစ်ပါသည်။ အုန်းစိ