ကုန်သွယ်မှုသတင်းများ
ဖလံတောင်ဝှေးကို မြန်မာပြည်၏ အချို့ဒေသများတွင် ကလန်တောင်ဝှေး ဟုခေါ်ဝေါ် ကြပါသည်။ အရှေ့တောင်အာရှနိုင်ငံများ၏ မိုးဥတုတွင် ပေါက်ကြပါသည်။ ယခုလို မိုးရာသီ ကာလများတွင် တွေ့ရသော ရာသီစာဖလံတောင်ဝှေးကို အိမ်ရှင်မများက ပေါ်ဦးပေါ်ဖျား ဝယ်ကြပြီး အရသာရှိရှိ ကြော်လှော်ချက်ပြုတ်စားကြပါသည်။ ဖလံတောင်ဝှေးဥကို အခြောက်ခံ၍ အမှုန့် ပြုလုပ်ပြီး နေ့စဉ်သောက်သုံးပေးခြင်းဖြင့် ဆီးချိုရောဂါများပျောက်ကင်းစေကာ ခန္ဓာကိုယ်မှမလိုအပ်သော အဆီများကို ကျဆင်းစေပါသည်။ ရှေးလူကြီးများက ဖလံတောင်ဝှေးအမြစ်ကို ထောင်း
ယခု ကျောင်းဖွင့်ရာသီတွင် ပြည်မြို့ရှိ ကျောင်းသုံးစာရေးကိရိယာဆိုင်များ၊ ကျောင်းသုံးပစ္စည်းများ အရောင်းအဝယ်သွက်လျက်ရှိနေခဲ့ကြပါသည်။ စာရေးကိရိယာပစ္စည်းများဖြစ်သည့် စာအုပ်မျိုးစုံ၊ ဘောပင်မျိုးစုံ၊ ပေတံ၊ ခဲတံမျိုးစုံ ရောင်းချမှုများပြားသလို မိုးကာများ၊ ထီးများကလည်း အရောင်းအဝယ်များကြပါသည်။ အဆိုပါကျောင်းသုံးစာရေးကိရိယာ ပစ္စည်းများအပြင် မူကြို KG တန်းမှ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ် အရွယ်ထိ အသုံးများလာကြသော ကျောပိုး အိတ်မျိုးစုံမှာလည်း ယခုနှစ် ကျောင်းဖွင့်ရာသီမှာ အရောင်းသွက်ကြ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တွင် အခြေခံစားသောက်ကုန်များ ဖြစ်သော ဆီ၊ ဆား၊ ကြက်ဥနှင့် ငါးတန်ငါးများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာရောင်းချပေးခြင်းကို စားသုံးသူရေးရာဦးစီးဌာနကဦးဆောင်၍ သက်ဆိုင်ရာဌာနများဖြစ်သော တိုင်းဆားလုပ်ငန်းဦးစီးဌာန၊ တိုင်းမွေးမြူရေးဌာနနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းပါဝင်ပြီး ၂၀၂၃ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းစီမံကိန်း၊ တိုင်းဆ

ရာသီစာတစ်မျိုးဖြစ်သော ဗုံလုံသီးမှာ ယခုအခါ ဈေးကွက်ထဲတွင် လှိုင်လှိုင်ပေါနေပြီဖြစ်ပါသည် ။ တစ်ချို့က ဗုံလုံသီးကို ပဲလင်းမြွေသီးဟုလည်း ခေါ်ဆိုကြပါသည်။ ဗုံလုံသီးကို သူ့ချည်း သက်သက်ကြော်စားနိုင်သလို ကြိုက်သည့် အသား/ငါးဖြင့် အစာသွပ်ပြီးတော့ စားသုံးနိုင်ပါသည်။ ဟင်းချိုကြိုက်သည့်သူများအတွက် ကြာဇံနဲ့ရောပြီး သောက်သုံးနိုင်သည့် ဟင်းတစ်ခွက်ဖြစ်ပါသည်။ တစ်ချို့ကတော့ ဗုံလုံသီးကနေ စစ်ထုတ်ယူထားတဲ့ ဖျော်ရည်ကိုသောက်လျှင် အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပြီး အစာချေဖျက်မှုကိုလည်း ကူညီပေးက
တောင်ငူခရိုင်၊ ဖြူးမြို့မှ ခြံဝင်းကျယ်ကြီးများရှိ မြေကွက်လွတ်များတွင် ဆူးပုပ်နှင့် ကင်မွန်းချဉ် စိုက်ပျိုးသူများမှာ ဝင်ငွေကောင်းလျက်ရှိပါသည်။ ဆောင်းရာသီနှင့် နွေရာသီတို့တွင် ရောင်းအားကောင်းပြီး မိုးရာသီတွင်မူ တခြားရာသီပေါ် ဟင်းသီးဟင်းရွက်များ ပေါများသဖြင့် ရောင်းအား အနည်းငယ်ကျကြောင်း သိရပါသည်။