Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
28 Jun 2023

   ပြည်ပဲဈေးကွက်သို့ ၂၀၂၃ခုနှစ်၊ဇွန်လဆန်းပိုင်းမှစ၍ ပဲတီစိမ်းသစ်များ စတင်ဝင်ရောက်လာပြီ ဖြစ်ပါသည်။ ယခင်နှစ်နှင့်ယှဉ်လျှင် ယခုနှစ်တွင် ပြည်အနီးတစ်ဝိုက် ပေါင်းတလည်၊ ပေါက်ခေါင်းနှင့် မင်းတုန်း၊ ကံမမြို့နယ်များမှ ဝင်ရောက်မှုစောလာခဲ့ခြင်းဖြစ်ပါသည်။ ပဲစပေါ်သောအချိန်ဖြစ်သည့်အတွက် တစ်ရက်အိတ် (၂၀၀/၃၀၀ မှ ၄၀၀)ကျော် ဝင်ရောက်ခဲ့ပြီး ပဲဝယ်လိုအားအနေဖြင့် မန္တလေးဝယ်လက် အဓိကထားဝယ်ယူနေကြောင်း၊ ဝင်လာသမျှ ပဲသစ်များ အရောင်းအဝယ် ဖြစ်ခဲ့ကြပါကြောင်း၊ ပဲတီစိမ်းသီးနှံမှာ မတ်ပဲ၊ ပဲစင်းငုံသီးနှံများကဲ

28 Jun 2023

    ပြည်မြို့ သစ်သီးဝလံဈေးကွက်တွင် ယခုရာသီပေါ် ပိန္နဲသီးမှည့်များလည်း ရောင်းဝယ်လျက် ရှိသလို Online ဈေးကွက်၌ ယခုရာသီတွင်သာရရှိသော တောင်ပိန္နဲသီး (ခ)စုံပဒက်သီး များလည်း ရောင်းချနေသည်ကို တွေ့ရပါသည်။ စုံပဒက်ပင်သည် ပိန္နဲပင်နှင့်တူ၍ အသီးမှာလည်း ပိန္နဲသီးကဲ့သို့ပင် အဝါရောင်အမွှာများရှိပါသည်။ သူ၏အရသာမှာ ချိုသောအရသာရှိ၍ အနံ့မှာလည်း ဒူးရင်းသီးအနံ့ထက်ပိုပြင်း၍ ပိုမွှေးပါသည်။ စုံပဒက်သီးများကို စုံကဒက်၊ စွန်မတက်၊ စုံတတ် စသည်ဖြင့် အမျိုးမျိုးခေါ်ကြပါသည်။ နေရာဒေသလိုက်၍ အခေါ်အဝေါ်များလည်း

28 Jun 2023

      ပဲခူးတိုင်းဒေသကြီး၊ သဲကုန်း၊ ပုတီးကုန်း၊ အင်းမ၊ ဝက်ပုတ်နှင့် ရွှေတောင်မြို့နယ်များသည် ကျောက်ဖရုံသီးများကို စီးပွားဖြစ်စိုက်ပျိုးသဖြင့် ကျောက်ဖရုံသီးအများအပြားထွက်ရှိသောဒေသများ ဖြစ်ပါသည်။ အဆိုပါ ကျောက်ဖရုံသီးများကို ရန်ကုန်သီရိမင်္ဂလာဈေးသို့ တင်ပို့ရောင်းချလျက်ရှိရာ ရန်ကုန်ဈေးကွက်သို့ တစ်အိတ်လျှင် (၆)လုံးပါ အိတ် (၂၀)အိတ်မှ (၂၅)အိတ် အထိ တင်ပို့ရောင်းချလျက်ရှိပါကြောင်း၊ ဇွန်လပထမပတ်မှစ၍ ကျောက်ဖရုံသီးများ စတင်ထွက်ပေါ်နေပြီဖြစ်ပါကြောင်း၊ ကျောက်ဖရုံပင် တစ်ပင်လျှင် အလုံး(၅၀)မ

28 Jun 2023

   ချင်းကို လူများကဟင်းခတ်အမွှေးအကြိုက်အဖြစ် အသုံးပြုကြသလို ဓါးလှီးချင်းကို ချင်းသုပ် သုပ်၍စားကြပါသည်။  အသားဟင်းများချက်ရာတွင် ချင်းသည် မပါမဖြစ် အသုံးဝင်သော မီးဖိုချောင်သုံး သီးနှံတစ်မျိုးဖြစ်ပါသည်။ ပြည်ခရိုင်အနေဖြင့် ချင်းထွက်ရှိမှုမရှိဘဲ ချင်းထွက်ရှိရာ ဒေသဖြစ်သော အောင်ပန်းမှ မှာယူ၍ရောင်းချကြောင်း သိရပါသည်။ ယခုအချိန်တွင် ချင်းထွက်ရှိရာ ဒေသဖြစ်သော အောင်ပန်းမြို့တွင် ချင်းထွက်ရှိမှုနည်းပြီး အိန္ဒိယမှ ဝယ်ယူမှုရှိ၍ ချင်းစိုက် တောင်သူများအနေဖြင့် ဈေးတက်၍ရောင်းချကြောင်း သိရပါသည်

28 Jun 2023

     ပြည်ပဲဈေးကွက်တွင် ပြည်ပဝယ်လိုအား ပဲသီးနှံများ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း၊ မတ်ပဲ၊ ပဲတီ စိမ်း၊ ကုလားပဲနည်းတူ ပဲစင်းငုံသီးနှံကလည်း ပဲဈေးသိသိသာသာ မြင့်တက်ခဲ့သဖြင့် ပဲတစ်တင်းလျှင် တစ်သိန်းကျပ်ကျော်ထိ ပဲဈေးကွက်မှာ စံချိန်တင်မြင့်တက်ခဲ့ပါကြောင်း၊ ပဲစင်းငုံသီးနှံမှာ ပဲဝင်ရောက်မှု မရှိသော်လည်း လှောင်ပဲလက်ကျန်များရှိနေ၍ ဝယ်ယူမှုရှိသလောက် ရောင်းချနိုင်ခဲ့ပါကြောင်း၊ ရန်ကုန်ဝယ်လက် အဓိကဝယ်ယူနေ၍ နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့ကာ အိတ် ၂၀၀/၃၀၀ကျော် ရောင်းဝယ်မှုဖြစ်ခဲ့ကြောင်း၊ ပဲစင်းငုံသီ

Pages