ကုန်သွယ်မှုသတင်းများ
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်တွင် မိုးနှမ်းများအောင်မြင်စွာစိုက်ပျိုးလျက်ရှိပြီး ၂၀၂၃ ခုနှစ်တွင် မိုးနှမ်းစိုက်ဧက (၁၆၅၅၀) ဧကစိုက်ပျိုးရန်လျာထားလျက်ရှိရာ အမှန်စိုက်ပျိုးဧက ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် (၁၆၅၂၃) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာနစာရင်းများအရ သိရှိရပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်အတွင်း မိုးနေကြာများကို စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး စင်ရွှေကြာ (၂)မျိုး၊ ရေဆင်း(၁)မျိုးနှင့် ရာစောင့်တဲနေကြာမျိုးများကို အများဆုံး စိုက်ပျိုးကြပါသည်။ မိုးနေကြာကိုဇွန်လဆန်းမှ စတင်စိုက်ပျိုးပြီး စက်တင်ဘာလကုန်တွင် ရိတ်သိမ်းကြောင်းသိရှိရပါသည်၊၊ မျိုးသန့်နေကြာမျိုးစေ့များကို (၂)ပြည်တစ်အိတ်(၂၀၀၀၀)ကျပ်ဖြင့် ဝယ်ယူရပြီး တစ်ဧကလျှင်နှစ်ပြည်အိတ် နှစ်အိတ်ကြဲပတ်ရကြောင်း သိရှိရပါသည်။
မိတ္ထီလာစျေးကွက်ရှိ ဇွန်လတတိယပတ် အခြေခံစားသောက်ကုန်စျေးနှုန်းများမှာ ယခင်လနှင့်နှိုင်းယှဉ်ပါက အများအားဖြင့် မြင့်တက်လာပါသည်။ ဆန်ဈေးနှုန်းအနေဖြင့် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် (၁၀၅၀၀၀) ကျပ်ဖြင့် ယခင်လထက် (၃၀၀၀) ကျပ်၊ မဂျမ်းတေဆန် တစ်အိတ်လျှင် (၈၅၀၀၀) ကျပ်ဖြင့် ယခင်လထက် (၅၀၀၀) ကျပ် ဈေးနှုန်းမြင့်တက်လာပီး၊ မနောသုခမှာ တစ်အိတ်လျှင် (၇၅၀၀၀) ကျပ်ဖြင့် စျေးငြိမ်နေပါသည်။ စားသုံးဆီများတွင် စားအုန်းဆီမှာ တစ်ပိဿာလျှင် (၇၀၀၀) ကျပ်ဖြင့် ယခင်လထက် (၈၀၀) ကျပ် ဝန်းကျင်စျေးမြင့်လာကာ မြေပဲဆ
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်တွင် ပဲစဉ်းငုံကို နှမ်း (သို့မဟုတ်) နေကြာတို့နှင့် သီးညှပ်စိုက်ပျိုးဖြစ်ထွန်း အောင်မြင်လျက်ရှိပါသည်။
ငါန်းဇွန်မြို့ရှိ မြို့မဈေးတွင် ၂၀၂၃ ခုနှစ်၊ဇွန်လ တတိယပတ်အတွင်း ဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်များ၏ လက်လီဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း(ဟောင်း) တစ်ပြည်လျှင်(၄၅၀၀) ကျပ်၊ (အသစ်) တစ်ပြည်လျှင်(၄၀၀၀)ကျပ်၊ မဂျမ်းတော(ဟောင်း) တစ်ပြည် လျှင်(၄၂၀၀)ကျပ်၊ (အသစ်) တစ်ပြည်လျှင်(၃၇၀၀)ကျပ်၊ ပုသိမ်ပေါ်ဆန်း(ဟောင်း) တစ်ပြည်လျှင် (၄၀၀၀)ကျပ်၊ မနောသုခ တစ်ပြည်လျှင်(၂၈၀၀၊၃၀၀၀)ကျပ်၊ ကုလားပဲခြမ်း တစ်ပြည်လျှင်(၆၄၀၀)ကျပ်၊ ပဲထောပတ် တစ်ပြည်လျှင်(၅၅၀၀)ကျပ်၊ ကြက်ဥ တစ်လုံးလျှင်(၂၅၀၊၂၈၀)ကျပ်၊ ဘဲဥ တစ်လုံးလျှင်(၃၅၀၊