မိတ္ထီလာစျေးကွက်ရှိ ဇွန်လတတိယပတ် အခြေခံစားသောက်ကုန်စျေးနှုန်းများမှာ ယခင်လနှင့်နှိုင်းယှဉ်ပါက အများအားဖြင့် မြင့်တက်လာပါသည်။ ဆန်ဈေးနှုန်းအနေဖြင့် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် (၁၀၅၀၀၀) ကျပ်ဖြင့် ယခင်လထက် (၃၀၀၀) ကျပ်၊ မဂျမ်းတေဆန် တစ်အိတ်လျှင် (၈၅၀၀၀) ကျပ်ဖြင့် ယခင်လထက် (၅၀၀၀) ကျပ် ဈေးနှုန်းမြင့်တက်လာပီး၊ မနောသုခမှာ တစ်အိတ်လျှင် (၇၅၀၀၀) ကျပ်ဖြင့် စျေးငြိမ်နေပါသည်။ စားသုံးဆီများတွင် စားအုန်းဆီမှာ တစ်ပိဿာလျှင် (၇၀၀၀) ကျပ်ဖြင့် ယခင်လထက် (၈၀၀) ကျပ် ဝန်းကျင်စျေးမြင့်လာကာ မြေပဲဆီနှင့်နှမ်းဆီတို့မှာ တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်ဖြင့် စျေးငြိမ်နေပါသည်။ ကြက်သွန်နီနှင့် အာလူးမှာ တစ်ပိဿာလျှင် (၂၁၀၀) ကျပ်ဖြင့် ယခင်လထက် စျေးအနည်းငယ်ကျဆင်းကာ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် (၈၀၀၀) ကျပ်ဖြင့် ယခင်လထက် (၅၀၀) ကျပ်၊ ဂျင်းစျေးမှာ တစ်ပိဿာလျှင် (၈၀၀၀) ကျပ်ဖြင့် ယခင်လထက် (၃၀၀၀) ကျပ်၊ ကြက်ဥမှာ တစ်လုံးလျှင် (၂၇၀)ကျပ် ဖြင့် ယခင်လထက် (၅၀) ကျပ်၊ ဘဲဥမှာ တစ်လုံးလျှင် (၃၅၀) ကျပ်ဖြင့် ယခင်လထက် (၂၀) ကျပ် စျေးနှုန်းမြင့်တက်လာပါသည်။ ကုန်စိမ်းစျေးနှုန်းများတွင် ခရမ်းချဉ်သီးမှာ တစ်ပိဿာလျှင် (၁၀၀၀) ကျပ် ဖြင့် ယခင်လထက် (၂၀၀) ကျပ်၊ ဂေါ်ဖီထုပ်မှာ တစ်ထုပ်လျှင် (၅၀၀) ကျပ်ဖြင့် ယခင်လထက် (၃၀၀) ကျပ် စျေးနှုန်းကျဆင်းလာပါသည်။ အသားငါးစျေးနှုန်းများတွင် ကြက်သားစျေးမှာ တစ်ပိဿာလျှင် (၁၀၂၀၀) ကျပ်ဖြင့် ယခင်လထက် (၁၂၀၀) ကျပ်စျေးမြင့်လာပြီး၊ ဝက်သားနှင့်အမဲသားမှာ တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင် (၂၄၀၀၀)ကျပ်၊ ငါးမြင်းချင်း တစ်ပိဿာလျှင် (၈၀၀၀) တို့ကျပ်ဖြင့် စျေးငြိမ်နေကြာင်း သိရပါသည်။
DOCA(မန္တလေး)