Main menu

ရမည်းသင်းခရိုင်အတွင်း ပဲစဉ်းငုံစိုက်ပျိုးမှုအခြေအနေ

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်တွင် ပဲစဉ်းငုံကို နှမ်း (သို့မဟုတ်) နေကြာတို့နှင့် သီးညှပ်စိုက်ပျိုးဖြစ်ထွန်း အောင်မြင်လျက်ရှိပါသည်။

    ပဲစဉ်းငုံကို ဇွန်လဆန်းတွင် သီးညှပ်အနေဖြင့်စတင်စိုက်ပျိုးကြပြီး နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် ရိတ်သိမ်းကြောင်း သိရှိရပါသည်။ ပဲစဉ်းငုံမျိုးကို တစ်ပြည်လျှင် (၃၅၀၀) ကျပ်မှ (၄၀၀၀) ကျပ် ဖြင့် ဝယ်ယူရကြောင်း၊ တစ်ဧကလျှင် နှစ်ပြည်ကြဲပြီး၊ တန်းကျဲစနစ်ဖြင့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုး သောပဲစဉ်းငုံမျိုးများမှာ သက်ကြီးနှင့်သက်ငယ်မျိုးများဖြစ်ပြီး၊ သက်ကြီးမျိုးမှာ စိမ်းဖြူဖြစ်ပြီး၊ သက်ငယ်မျိုးမှာ အနီရောင်ဖြစ်ကြောင်း၊ ပဲစဉ်းငုံထွက်ရှိမှုမှာလည်း သက်ကြီးမျိုးမှာ အထွက်နှုန်းပိုသော်လည်း သက်ငယ်မျိုးမှာ စျေးနှုန်းပိုမိုရရှိကြောင်း သိရပါသည်။

 ယခင်နှစ်တွင် ပဲစဉ်းငုံတစ်ဧကကုန်ကျစရိတ် (၂၅၀၀၀၀) ကျပ်မှ (၃၀၀၀၀၀) ကျပ်ကုန်ကြပြီး တစ်ဧကလျှင် (၁၅) တင်းမှ (၂၀) တင်းထွက်ရှိကြောင်းနှင့် ရာသီချိန် ပဲစဉ်းငုံစျေးနှုန်းမှာလည်း တစ်တင်းလျှင် (၅၅၀၀၀) ကျပ်မှ (၆၀၀၀၀) ကျပ်ထိ စျေးရရှိခဲ့သဖြင့် ပဲစဉ်းငုံစိုက်ပျိုးသော တောင်သူများအနေဖြင့် တစ်ဧကလျှင် (၄၀၀၀၀၀) ကျပ်မှ (၅၀၀၀၀၀) ကျပ် အထိအကျိုးအမြတ်များရရှိကြောင်း သိရှိရပါသည်။ ယခင်နှစ် ပဲစဉ်းငုံစျေးနှုန်းမှာ တစ်တင်း (၅၅၀၀၀) ကျပ်မှ (၆၀၀၀၀) ကျပ်ရှိပြီး ယခုနှစ် ပဲစဉ်းငုံ စျေးနှုန်းမှာ တစ်တင်းလျှင် (၇၉၀၀၀) ကျပ်မှ (၈၀၀၀၀) ကျပ်အထိရှိပြီး၊ ယခင်နှစ်နှင့် ယခုနှစ် ကာလတူနှိုင်းယှဉ်လျှင် ပဲစဉ်းငုံစျေးနှုန်းမြင့်တက်သဖြင့် တောင်သူများလည်းအကျိုးအမြတ်များစွာရရှိ၍ ယခုနှစ်တွင် ပဲစဉ်းငုံကို ပိုမိုစိုက်ပျိုးလာကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)