ပဲခူးတိုင်းဒေသကြီး၊ သဲကုန်း၊ ပုတီးကုန်း၊ အင်းမ၊ ဝက်ပုတ်နှင့် ရွှေတောင်မြို့နယ်များသည် ကျောက်ဖရုံသီးများကို စီးပွားဖြစ်စိုက်ပျိုးသဖြင့် ကျောက်ဖရုံသီးအများအပြားထွက်ရှိသောဒေသများ ဖြစ်ပါသည်။ အဆိုပါ ကျောက်ဖရုံသီးများကို ရန်ကုန်သီရိမင်္ဂလာဈေးသို့ တင်ပို့ရောင်းချလျက်ရှိရာ ရန်ကုန်ဈေးကွက်သို့ တစ်အိတ်လျှင် (၆)လုံးပါ အိတ် (၂၀)အိတ်မှ (၂၅)အိတ် အထိ တင်ပို့ရောင်းချလျက်ရှိပါကြောင်း၊ ဇွန်လပထမပတ်မှစ၍ ကျောက်ဖရုံသီးများ စတင်ထွက်ပေါ်နေပြီဖြစ်ပါကြောင်း၊ ကျောက်ဖရုံပင် တစ်ပင်လျှင် အလုံး(၅၀)မှ (၇၀)လုံး အထိထွက်ရှိကြောင်း ၊ ကျောက်ဖရုံသီးဈေးကွက်အနေဖြင့် တစ်လုံးလျှင် (၅၀၀)ကျပ်မှ (၇၀၀)ကျပ်အထိ ရောင်းချကြောင်းနှင့် အနုသီးတစ်လုံးလျှင် (၁၅၀/၂၀၀)ထိ ဈေးရကြောင်း သိရပါသည်။
DOCA(ပဲခူး)