Main menu

၂၀၂၆-၂၀၂၇ ခုနှစ် ငါန်းဇွန်မြို့နယ် နှမ်းရိတ်သိမ်းထွက်ရှိမှုနှင့်ဈေးနှုန်းဈေးကွက်

Powered by Drupal

                                                         မန္တလေးတိုင်ဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးကို လုပ်ကိုင်သော မြို့နယ်တစ်ခုဖြစ်ပြီး ဒေသခံများသည် ရာသီအလိုက် ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ဂျုံ နှင့် စားဖိုဆောင်သီးနှံများကို အဓိကထားစိုက်ပျိုးလုပ်ကိုင်ကြပါသည်။ စိုက်ပျိုးသီးနှံများမှ ဆီထွက်သီးနှံ ဖြစ်သော နှမ်းသီးနှံကို မိုးနှင့်ဆောင်းနှစ်ရာသီတွင် စိုက်ပျိုးလျက်ရှိရာ ၂၀၂-၂၀၂၇ ခုနှစ်မိုး နှမ်းစိုက် ပျိုးမှုအနေဖြင့် (၆၇၈၄၂)ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး၊ စိုက်ပျိုးမှု အနေဖြင့်(၆၇၉၉၁)ဧက၊ စိုက်ပျိုးပြီး၊ ယခုအခါ(၅၆၁၂၅)ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း၊ အထွက်နှုန်းမှာ(၅.၂၅)တင်းရှိကြောင်း သက်ဆိုင်ရာ ဌာနစာရင်းအရသိရသည်။ စိုက်ပျိုးမှုမှာ ပက်ကျဲနှင့်တန်းစိုက် ဟူ၍ရှိရာတွင်  နေရာဒေသ နှင့်မြေပေါ် မူတည်၍ ဒေသခံတောင်သူများမှာ ပက်ကျဲစိုက်ပျိုးမှုကိုသာ အများဆုံးစိုက်ပျိုးကြပြီး မျိုးအသုံးချမှု အနေဖြင့် တစ်ဧကလျှင်(၂)ပြည်ခန့်ထည့်သွင်းစိုက်ပျိုးကြပါသည်။မိုးနှမ်းပေါ်စချိန်တွင်နှမ်းတစ်တင်းဈေးနှုန်းမှာ(၁၂၀၀၀/၁၁၂၀၀၀) ကျပ်ရှိကြောင်း သိရသည်။ မြို့နယ်အတွင်းရှိ မိုးနှမ်းအများဆုံး စိုက်ပျိုး သောကျေးရွာများမှာ ဘုရားထူးကျေးရွာ၊ ရွာသစ်၊ စီထိန်း၊ တမာပင်၊ အောက်ရိုး၊ ရွာသာ၊ နတ်စိမ်း၊ ထနောင်းပင်၊ မြို့သာ၊ သရက္ကန်၊ အောင်ချမ်းသာကျေးရွာနှင့် ကုန်းသာကျေးရွာ စသည့်ကျေးရွာများ ဖြစ်ကြောင်း သိရပါသည်။ ယခုနှစ်နှမ်းမျိုးဈေးအနေဖြင့် တစ်ပြည်လျှင်(၁၀၀၀) ကျပ်ဈေးများရှိခဲ့ပြီး နှမ်းတစ်ဧကစိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊မြေယာပြုပြင်မှု၊ သွင်းအားစု၊ လုပ်သားခများ အပါအဝင်(၄၀၀၀၀၀)ကျပ် ဝန်းကျင်ခန့်ကုန် ကျမှုရှိပါသည်။ တောင်သူအကျိုးအမြတ်အနေဖြင့် (၂၅၀၀၀၀)ကျပ်ဝန်းကျင်သာရှိပြီး နွားစာရှားပါးသည့် ဒေသများဖြစ်သည့်အတွက် အကျိုးအမြတ် နည်းပါးသော်လည်း တစ်ဖက်မှလည်း နွားစာရရှိသဖြင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိပါသည်။ တစ်ချို့ကျေးရွာ များသည် နွားစာအတွက် ကျောက်ဆည်၊ မြစ်သားဒေသဘက်မှ ထွက်ပေါ်သော နှမ်းရိုးများကို သယ်ယူစရိတ်အကုန်အကျခံ၍ နှစ်စဉ်ဝယ်ယူကျွေးမွေးလျက်ရှိပါသည်။ ဒေသထွက်နှမ်းများကို ရောင်းဝယ်မှုဈေးကွက်အနေဖြင့် မန္တလေးမြို့နှင့် ကျောက်ဆည်မြို့များသို့ တောင်သူများကိုယ်တိုင် ဈေးဝယ်လိုက်ရင်း ဖြင့်သော်လည်းကောင်း၊ ကားတင်ပေး၍သော်လည်းကောင်း အများဆုံးရောင်းချ ကြပါသည်။ တောင်သူများအတွက် သီးနှံစိုက်ပျိုးရာတွင် ရာသီဥတုကောင်းမွန်ရန်လိုအပ်သလို ရေခံမြေခံနှင့်မျိုးစေ့များလည်း ကောင်းမွန်၍ ဈေးကွက်ခိုင်မာမှုရှိမှသာ သင့်တင့်လျှောက်ပတ်သော အကျိုးအမြတ်များရရှိနိုင်မည်ဖြစ်ပါသည်။

DOCA(မန္တလေး)