Main menu

မိုးမြေပဲခင်းများအောင်မြင်ဖြစ်ထွန်း

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်သည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ကြပြီး ဆီထွက်သီးနှံတစ်မျိုးဖြစ်သော မြေပဲသီးနှံကိုလည်းစိုက်ပျိုးလျှက်ရှိပါသည်။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ညောင်ဦးမြို့နယ်တွင်  သြဂုတ်လကုန်အထိ   (၁၀၁၇၂၇)ဧက လျာထားရာတွင် (၁၁၅၅၃၈)ဧက စိုက်ပျိုးခဲ့ရာ လျာထားချက်ထက်(၁၃၈၁၁)ဧကပို၍စိုက်ပျိုးနိုင်ခဲ့ကြောင်း သက်ဆိုင်ရာ ဌာန၏ စာရင်းများအရသိရှိရပါသည်။ မြေပဲစိုက်ပျိုးမှုတွင် ဘောင်ကြောင်းပေးစနစ်ဖြင့် အတန်းလိုက် အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြကြောင်း ၊ မျိုးအနေဖြင့် ပင်ထောင်ပဲနှင့်ပင်ပြန့်ပဲ နှစ်မျိုးရှိပြီး မြို့နယ် အတွင်း အများဆုံးစိုက်ပျိုးသောမျိုးများမှာ မကွေး-၁၀၊ မကွေး-၁၆၊ မကွေး-၁၁၊ညောင်ဦး G-99၊  ဆင်းပဒေသာ-၁၁ နှင့် တွယ်တာနီ၊ ကျောင်းကုန်း၊ ပင်ပြန့်မျိုးများဖြစ်ပြီး (၁)ဧက၊ မျိုးအနေဖြင့် မြေပဲအဆံ  (၂၄)ပြည်ခန့် စိုက်ပျိုးရကြောင်း ၊ (၁)ဧက စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအား စု ၊လုပ်သားခအပါအဝင် စုစုပေါင်း (၇၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း ၊ ယခုအချိန်တွင် မိုးရွာသွန်းမှု ကောင်းသောကြောင့် မြေပဲများအောင်မြင်ထွန်းလျက်ရှိကြောင်း ၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် တင်း(၄၀) ထွက်ရှိခဲ့ကြောင်း ၊ မြေပဲဆံ S-1 လုံးဆံသစ်(၁)ပိဿာ(၇၃၀၀)ကျပ် ၊ မြေပဲဆံ S-1 ဆီဆံသစ်(၁)ပိဿာ(၆၇၀၀)ကျပ်၊ အနီလုံးဆံ (သစ်)(၁)ပိဿာ(၇၁၀၀)ကျပ်၊ အနီဆီဆံ (သစ်)(၁)ပိဿာ(၆၉၀၀) ကျပ်ဖြင့်ရောင်းဝယ်ခဲ့ပြီး စိုက်ပျိုးစရိတ်နှုတ်ပြီးပါက (၈၀၀၀၀၀/-)ကျပ်ခန့် မြတ်ခဲ့ကြောင်း ၊ ယခုလက်ရှိ မြေပဲပေါက်စျေးအနေဖြင့် ၊ မြေပဲဆံ S-1 လုံးဆံသစ်(၁)ပိဿာ(၁၂၀၀၀) ကျပ် ၊ မြေပဲဆံ S-1 ဆီဆံသစ်(၁)ပိဿာ(၁၀၃၀၀)ကျပ်၊ အနီလုံးဆံ (သစ်)(၁)ပိဿာ(၁၁၅၀၀)ကျပ်၊ အနီဆီဆံ(သစ်)(၁)ပိဿာ(၁၀၈၀၀)ကျပ်နှင့် မြေပဲဆီ (၁)ပိဿာ(၂၀၀၀၀)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိ‌ကြောင်း ၊ မြေပဲပေါ်ချိန်တွင် တောင်သူများမှ နီးစပ်ရာပွဲရုံများသို့ တိုက်ရိုက် တင်ပို့ရောင်းချကြကြောင်း ပွဲရုံများမှတဆင့် မန္တလေး၊ရန်ကုန်မြို့များတင်ပို့ရောင်းချကြကြောင်း ပွဲရုံများထံမှသိရှိရပါသည်။

DOCA(မန္တလေး)