Main menu

ပြည်မြို့သစ်သီးဝလံဈေးကွက်တွင် တောင်ပိန္နဲသီး(ခ)စုံပဒက်သီးများ ဝယ်ယူရောင်းချမှုရှိလာ

Powered by Drupal

    ပြည်မြို့ သစ်သီးဝလံဈေးကွက်တွင် ယခုရာသီပေါ် ပိန္နဲသီးမှည့်များလည်း ရောင်းဝယ်လျက် ရှိသလို Online ဈေးကွက်၌ ယခုရာသီတွင်သာရရှိသော တောင်ပိန္နဲသီး (ခ)စုံပဒက်သီး များလည်း ရောင်းချနေသည်ကို တွေ့ရပါသည်။ စုံပဒက်ပင်သည် ပိန္နဲပင်နှင့်တူ၍ အသီးမှာလည်း ပိန္နဲသီးကဲ့သို့ပင် အဝါရောင်အမွှာများရှိပါသည်။ သူ၏အရသာမှာ ချိုသောအရသာရှိ၍ အနံ့မှာလည်း ဒူးရင်းသီးအနံ့ထက်ပိုပြင်း၍ ပိုမွှေးပါသည်။ စုံပဒက်သီးများကို စုံကဒက်၊ စွန်မတက်၊ စုံတတ် စသည်ဖြင့် အမျိုးမျိုးခေါ်ကြပါသည်။ နေရာဒေသလိုက်၍ အခေါ်အဝေါ်များလည်း ကွဲပြားကြပါသည်။ ဒူးရင်းသီးများစားပြီး၍ အပူများလျှင် အပူငြိမ်းစေရန် မင်းဂွတ်သီးများကို စားလေ့ရှိကြပါ သည်။ အပူငြိမ်းစေရန် မင်းဂွတ်သီးထက် စုံပဒက်သီးက ပို၍အစွမ်းထက်သည်ဟု မွန်တိုင်းရင်း ဆေးဆရာကြီးများက အမိန့်ရှိသည်ဟုလည်း လေ့လာသိရှိရပါသည်။ စုံပဒက်သီးများကို အသေး တစ်လုံးလျှင် (၂၅၀၀)ကျပ် နှင့် အကြီးတစ်လုံးလျှင် (၃၅၀၀)ကျပ်ဖြင့် ပြည် Online ဈေးကွက်တွင် ရောင်းချနေသည်ကိုတွေ့ရပါသည်။ အဆိုပါ စုံပဒက်သီးသည် မြိတ်၊ ထားဝယ်ဒေသများတွင် အများဆုံးထွက်ရှိခြင်းဖြစ်ပြီး ပြည်မြို့ရှိ သစ်သီးဝလံရောင်းချသူများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)