ကုန်သွယ်မှုသတင်းများ
ယခုအချိန်အတွင် ပြည်ဈေးကွက်သို့ ဖလံတောင်ဝှေးများစတင်ဝင်ရောက်၍ ရောင်းချလျက်ရှိပါသည်။ ယခုလိုမိုးတွင်းကာလများတွင်သာ တွေ့ရသောရာသီစာ ဖလံတောင်ဝှေးပင်ကို အိမ်ရှင်မများကပေါ်ဦးပေါ်ဖျားဝယ်ယူ၍ စားသောက်ကြသဖြင့် ပေါ်ခါစာတွင် ဈေးနှုန်းများ မြင့်တက်လာပြီး လှိုင်လှိုင်ပေါ်ချိန်တွင် ဈေးနှုန်းများကျဆင်းလာ၍ လူတကာဝယ်ယူ စားသုံးကြပါသည်။ ဖလံတောင်ဝှေးကို ချက်ပြုတ်စားသောက်ကြရာတွင် အပင်၏ရင့်သောအပိုင်းကို ဖဲ့ချွေပြီးနောက် ဖလံတောင်ဝှေးနုနုများကိုငရုတ်ကျည်ပွေ့ဖြင့် ထု၍ကျော်စားကြပါသည်။ ဖလံတောင်ဝှေးကို

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ဇွန်လ ပထမပတ်အတွင်း၌ အရောင်းအဝယ် ဖြစ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ကြက်သွန်နီ ဆိုဒ်စုံ တစ်ပိဿာလျှင် (၂၀၀၀မှ၂၅၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၁၀၀၀၀မှ ၁၃၀၀၀)ကျပ်၊ ငြုပ်သီးတောင့်ရှည် တစ်ပိဿာလျှင် (၈၀၀၀မှ ၁၂၀၀၀)ကျပ်၊ မန်းကျီးသီး တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ အိုင်အိုဒင်းဆား တစ်ထုပ်လျှင် (၁၀၀၀)ကျပ်၊ ကုလားပဲဆံခြမ်း တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ အာလူး တစ်ပိဿာလျှင် (၃၅၀၀မှ ၄၀၀၀)ကျပ်၊ သကြား တစ်ပိဿာလျှင်(၅၈၀၀)ကျပ

ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရာသီပေါ်သီးနှံ များ၊ အခြားဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါ တွင် ရာသီစာ သခွပ်ပွင့်ခြောက် များကို ရွှေဘိုမြို့နယ်တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

ပြည်ဈေးကွက်အတွင်းရောင်းချနေသော နံနံပင်များကို ပြည်ဒေသတစ်ဝိုက်မြို့နယ်များဖြစ်သော ရွှေတောင်နှင့် မှော်ဇာမြို့နယ်တို့မှ ဝင်ရောက်လျှက်ရှိကြောင်းသိရှိရပါသည်။ ယခုမေလကုန်တွင် မိုးရွာသွန်းမှုများသောကြောင့် နံနံပင်များရေမြုပ်သဖြင့် နံနံပင်ခင်းများ အထွက်နှုန်းနည်းနေကြောင်း သိရှိရပါသည်။ ယခင်က နံနံပင် တစ်ပိဿာလျှင် (၂၀၀၀)ကျပ်ခန့် ဝယ်ယူခဲ့ရသော်လည်း ယခုလကုန်ရက်ပိုင်တွင် နံနံပင် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်ဖြင့် ဈေးမြင့် ဝယ်ယူနေရကြောင်း သိရှိရပါသည်။

ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ငရုပ်သီးခြောက်၊ အာလူး၊ ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ တို့ကို ကန့်ဘလူဒေသထွက်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့၊ မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။
