ကုန်သွယ်မှုသတင်းများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူ မြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်”ဆိုသည့် ဌာန၏ မျှော်မှန်းချက်တာဝန်ကိုလည်း အ ကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ငါးမျိုးစုံ ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ငါးလက်လီဈေးနှုန်းများမှာ ငါးရံ့အကောင်လိုက် တစ်ပိဿာလျှင် (၁၀၀၀၀)
မိုးဦးကျကာလများတွင် အင်ဥမှာ ရာသီစာတစ်ခုဖြစ်သော ဟင်းစာတစ်မျိုးဖြစ်ပါသည်။ အင်ဥသည် မိုးဦးကျကာလများတွင် ကြွေကျနေသော အင်ရွက်များမှ မိုးရေနှင့်ထိတွေ့သောအခါ ဖြစ်ပေါ်လာသော မြေဆွေးများမှ ပေါက်လာသော မြေအောင်းမှို အမျိုးအစားတစ်မျိုးဖြစ်ပါသည်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်အတွင်း စားသုံးဆီဈေးနှုန်းများမှာ ပဲဆီလက်ကားတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၇၀၀၀) ကျပ်၊ နှမ်းဆီလက်ကားတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ နေကြာဆီလက်ကားတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၄၅၀၀) ကျပ်နှင့် စားအုန်းဆီလက်ကားတစ်ပိဿာလျှင် (၈၇၀၀) ကျပ်နှင့် လက်လီတစ်ပိဿာလျှင် (၈၈၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးအတွင်းရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိသည်။
ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၃ခုနှစ်၊ ဇွန်လ(ပထမပတ်)တွင် စပါး/ဆန်ဈေးနှုန်းများမှာ မြင့်တက်လာပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇွန်လ (ပထမပတ်)တွင် ရန်ကုန်သို့ အိတ်ရေ(၂၀၀၀၀)အိတ်၊ မန္တလေးသို့ အိတ်ရေ(၂၃၃၇၀)အိတ်၊ နေပြည်တော်သို့ အိတ်ရေ (၇၅၀၀)အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ(၅၅၀၀)အိတ်၊ ရှမ်း(မြောက်)သို့ အိတ်ရေ (၆၀၀၀)အိတ်၊ ပခုက္ကူသို့ အိတ်ရေ (၃၀)အိတ်၊ စုစုပေါင်းအိတ်ရေ (၆၂၄၀၀)အိတ်၊ တန်အားဖြင့် (၃၁၂၀)တန် စီးထွက်ခဲ့ပါသည်။ မေလ(လကုန်ပတ်)၌ ရွှေ