ပူပြင်းသည့်နွေရာသီသို့ စတင်ကူးပြောင်းရောက်ရှိလာပြီဖြစ်ရာ မုံရွာမြို့တွင် သောက်ရေသန့်များ အရောင်းအဝယ်သွက်လက်လျက်ရှိကြောင်း သိရသည်။
ယခင်ကနေ့စဉ် (၂၀) လီတာရေသန့်ဘူး (၆၀၀) ဘူးထုတ်လုပ်ဖြန့်ဖြူးခဲ့ရာမှ ယခုလတွင် တစ်ရက်လျှင် (၈၀၀)ဘူးအထိ ထုတ်လုပ်ဖြန့်ဖြူးပေးနေရကြောင်း၊ ဝယ်လိုအားမြင့် တက်လျက်ရှိကြောင်း ပင်လုံသောက်ရေသန့်လုပ်ငန်းရှင်ထံမှ သိရသည်။ ဈေးနှုန်းအားဖြင့် ယခင်လက(၂၀) လီတာသောက် ရေသန့်တစ်ဘူးလျှင် (၅၀၀) ကျပ်ဖြင့် ရောင်းချခဲ့ရာမှ ယခုတွင် (၆၀၀) ကျပ်ဖြင့် ရောင်းချကြောင်းသိရသည်။ လက်ရှိကာလတွင် မုံရွာမြို့၌ လျှပ်စစ်မီးရရှိမှုမှာ အကန့်အသတ်နှင့် ရရှိနေသဖြင့် လိုအပ်သော အရေအတွက်ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး မီးစက်များအသုံးပြု၍ ထုတ်လုပ်ရခြင်း၊ လောင်စာဆီ ဈေးနှုန်းမြင့်တက်လာခြင်းနှင့်အတူ သောက်ရေသန့်ဘူးများ သယ်ယူပို့ ဆောင်စရိတ် ပိုမိုကုန်ကျမှုရှိလာသည့်အတွက် ယခုကဲ့သို့ သောက်ရေသန့်ဈေးနှုန်းများ မြင့်တက်လာရခြင်းဖြစ်ကြောင်းသိရှိရပါသည်။ မုံရွာမြို့နယ် လျှပ်စစ်မီးရရှိမှုမှာ အကန့်အသတ်ဖြင့် ရရှိသော်လည်း သောက်ရေသန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်လိုအပ်ချက်ပြည့်မီရေး ကြိုးစားထုတ်လုပ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)