Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
29 May 2023

              ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ယခင်အပတ်က 92 RON တစ်လီတာလျှင် ၁၉၅၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၀၄၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၉၀၀ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၁၉၈၀ ကျပ် ရှိခဲ့ပါသည်။

              ယခုအပတ်တွင် 92 RON တစ်လီတာလျှင် ၂၀၂၅ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၁၂၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၉၃၅ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၂၀၁၅ ကျပ် ရှိခဲ့ပါသည်။

29 May 2023

    မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်ရှိ မြို့မဈေးသည် ပတ်ဝန်းကျင်ကျေးရွာများအပြင် ဆိပ်ဖြူနှင့် ယောဒေသမှ စားသုံးသူများက လည်း လာရောက်ရောင်းဝယ်ဖောက်ကားရာဈေးဖြစ်ပါသည်။

29 May 2023

              ၂၀၂၃ ခုနှစ်၊ မေလ (စတုတ္ထပတ်)အတွင်း၌ တောင်ငူမြို့ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ငရုတ်သီးစိမ်း (မိုးထောင်သီး) တစ်ပိဿာလျှင် ၉၀၀၀ ကျပ်၊ ကုလားအော်သီး တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ ခရမ်းသီး (အဖြူ)  တစ်ပိဿာလျှင် ၁၅၀၀ ကျပ်၊ ခရမ်းသီး(အညို) တစ်ပိဿာလျှင် ၂၀၀၀ ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

29 May 2023

     ချောက်မြို့နယ်ရှိ စားသုံးသူပြည်သူများအတွက် အဓိကလိုအပ်သောစားဖိုဆောင်သီးနှံများကို နီးစပ်ရာမြို့များဖြစ်သည့် ဆိပ်ဖြူ၊ တညောင်၊ စလင်း၊ ဆင်ဖြူကျွန်းမြို့များနှင့် ရှမ်းပြည်နယ်အောင်ပန်း၊ တောင်ကြီးတို့မှ အဓိကမှာယူရောင်းဝယ်စားသုံးကြကြောင်း သိရှိရပါသည်။

29 May 2023

  ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးတွင် (၁၇-၅-၂၀၂၃) ရက်နေ့မှ (၂၃-၅-၂၀၂၃) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံ ဈေးနှုန်းများမှာ ခရမ်း၊ သီပေါမှ ဖရဲသီး (855) အလုံးကြီးတစ်လုံးလျှင် ကျပ်၈၀၀၀၊ ဝမ်းတွင်းမှ ဖရဲသီး (211) အလုံးကြီးတစ်လုံးလျှင် ကျပ် ၃၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၃၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ် ၈၀၀၊ မှော်ဘီ၊ တိုက်ကြီး၊ ပုပ္ပါးမှ မာလကာသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၄၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၃၀၀၊ ကျိုက်ကော်၊ သီပေါမှ နာနတ်သ

Pages