ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုးအရှေ့ဘက်တွင်တည်ရှိသော ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းကျေးရွာများတွင် အနည်းငယ်စိုက်ပျိုးသော်လည်း ယခုကာလသည် ဂေါ်ဖီစိုက်ပျိုးသည့်ကာလမဟုတ်သည့်အတွက် ဈေးကွက်အတွင်း လိုအပ်သောဂေါ်ဖီထုပ်များကို ရှမ်းပြည်နယ်မှ မှာယူရောင်းချကြရ၍ ဈေးကွက်အတွင်း ဂေါ်ဖီထုပ်ဈေးနှုန်းများတည်ငြိမ်နေကြောင်း၊ ယခင်၌ ဂေါ်ဖီထုပ်အကြီးတစ်ထုပ်လျှင် (၂၀၀၀) ကျပ်၊ အသေးတစ်ထုပ်လျှင် (၁၅၀၀) ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိခဲ့ကြ

မုံရွာခရိုင်အတွင်းရှိ စားသုံးသူပြည်သူများစားသုံးဆီပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းချိုသာ၍ အရေအတွက်အလေးချိန်နှင့်အရည်အသွေးပြည့်ဝမှန်ကန်စွာရရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်း၊ မုံရွာခရိုင်စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်းက ပူးပေါင်း၍ စားအုန်းဆီများကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရပါသည်၊၊

၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမအပတ်အတွင်း မုံရွာမြို့နယ်၌ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည်လျှင် (၄၃၀၀) ကျပ်နှင့် ဧရာမင်းဆန်တစ်ပြည်လျှင် (၄၁၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီတစ်ပိဿာလျှင် (၆၄၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၂၅၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီလက်လီတစ်ပိဿာလျှင် (၂၀၀၀) ကျပ်မှ (၂၂၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူလက်လီ(ဗမာ)တစ်ပိဿာလျှင် (၇၅၀၀) ကျပ်မှ (၈၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ

မုံရွာခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမအပတ်တွင် စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းများမြင့်တက်လျက်ရှိပါကြောင်း သိရပါသည်။

ပခုက္ကူမြို့၌ ၂၀၂၃ခုနှစ်၊ ဇွန်လ ပထမပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိပြီး ဈေးနှုန်းမှာလည်း မေလနောက်ဆုံးပတ်အတိုင်း ကြံ့နှစ်ကောင် ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၉၀၀၀)၊ အယ်လဖာ ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၈၈၀၀)ရှိကြောင်း သိရှိရပါသည်။
