Main menu

မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်း သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများကို ဖြန့်ဖြူးရောင်းချ

Powered by Drupal

    မုံရွာခရိုင်အတွင်းရှိ စားသုံးသူပြည်သူများစားသုံးဆီပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းချိုသာ၍ အရေအတွက်အလေးချိန်နှင့်အရည်အသွေးပြည့်ဝမှန်ကန်စွာရရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်း၊  မုံရွာခရိုင်စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်းက ပူးပေါင်း၍ စားအုန်းဆီများကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရပါသည်၊၊

     စားအုန်းဆီများရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ပေးလျက်ရှိသော စားအုန်းဆီတစ်ပိဿာရည်ညွှန်းဈေးအပေါ်အခြေခံ၍ သယ်ယူပို့ဆောင်ခအပါ ကုန်ကျစရိတ်တွင် အမြတ်၂ရာခိုင်နှုန်းတွက်ချက်၍ ရောင်းချပေးခြင်းဖြစ်ပြီး လူတစ်ဦးလျှင် ၁ပိဿာနှုန်းဖြင့် ရောင်းချပေးကြောင်း သိရပါသည်။

   မုံရွာခရိုင်အတွင်း (၁-၅-၂၀၂၃) ရက်နေ့မှ (၁၄-၅-၂၀၂၃) ရက်နေ့ထိ စားအုန်းဆီပိဿာချိန် (၁၂၆၅၀) ပိဿာခန့်ကို တစ်ပိဿာလျှင် ၅၁၀၀ကျပ်ဖြင့်လည်းကောင်း၊  (၁၅-၅-၂၀၂၃) ရက်နေ့မှ (၂၀-၅-၂၀၂၃) ရက်နေ့ထိ စားအုန်းဆီပိဿာချိန် (၈၂၅၀) ပိဿာခန့်ကို တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ (၂၂-၅-၂၀၂၃) ရက်နေ့မှ (၂၆-၅-၂၀၂၃) ရက်နေ့ထိ စားအုန်းဆီပိဿာချိန် (၁၁၀၀၀) ပိဿာခန့်ကို တစ်ပိဿာလျှင် ၄၈၀၀ကျပ်ဖြင့်လည်းကောင်း၊  (၂၉-၅-၂၀၂၃) ရက်နေ့မှ (၃၁-၅-၂၀၂၃) ရက်နေ့ထိ စားအုန်းဆီပိဿာချိန် (၆၆၀၀) ပိဿာခန့်ကို တစ်ပိဿာလျှင် ၄၈၀၀ ကျပ်ဖြင့်လည်းကောင်း စုစုပေါင်းပိဿာချိန် (၃၈၅၀၀) ပိဿာခန့်အား လူစည်ကားရာ ရပ်ကွက်၊ ဈေးများအပြင် မြို့စွန်ရပ်ကွက်များသို့ပါ ဈေးကားများဖြင့် လှည့်လည်ရောင်းချလျက်ရှိကြောင်း မုံရွာခရိုင်စားသုံးဆီကုန်သည်များနှင့်စားသုံးဆီလုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)