Main menu

မုံရွာခရိုင်အတွင်း စပါး/ဆန်ဈေးနှုန်းအခြေအနေ

Powered by Drupal

     မုံရွာခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမအပတ်တွင် စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းများမြင့်တက်လျက်ရှိပါကြောင်း သိရပါသည်။

     မုံရွာမြို့၏ ဇွန်လ၊ ပထမအပတ်တွင် ဖြစ်ပေါ်နေသောစပါး/ဆန်းဈေးနှုန်းများမှာ ဧရာမင်းစပါးတင်း၁၀၀လျှင် ကျပ်၂၃၀၀၀၀၀မှ ကျပ်၂၄၀၀၀၀၀ထိ၊ ဧရာမင်းဆန်  ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၉၀၀၀၀မှ ကျပ်၉၅၀၀၀ထိ၊ မနောသုခစပါးတင်း၁၀၀လျှင် ကျပ်၁၈၀၀၀၀၀၊ မနောသုခဆန် ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၇၅၀၀၀၊ ပေါ်ဆန်းစပါးတင်း၁၀၀လျှင် ကျပ်၂၈၀၀၀၀၀၊ ပေါ်ဆန်းဆန် ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၉၅၀၀၀မှ ကျပ်၁၀၀၀၀၀ထိတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

    ယခင်လ ပထမအပတ်စပါး/ဆန်ဈေးနှုန်းများနှင့် ယခုလ ပထမအပတ်ဈေးနှုန်းများကိုနှိုင်းယှဉ်လျှင် ဧရာမင်းစပါးတင်း၁၀၀လျှင် ၃၀၀၀၀၀ကျပ်၊ ဧရာမင်းဆန်  ၂၄ပြည်ပါတစ်အိတ်လျှင် ၁၀၀၀၀ကျပ်၊ မနောသုခစပါးတင်း၁၀၀လျှင် ၂၀၀၀၀၀ကျပ်၊ မနောသုခဆန် ၂၄ပြည်ပါတစ်အိတ်လျှင် ၁၀၀၀၀ကျပ်၊ ပေါ်ဆန်းစပါးတင်း၁၀၀လျှင် ၁၀၀၀၀၀ကျပ်၊ ပေါ်ဆန်းဆန် ၂၄ပြည်ပါတစ်အိတ်လျှင် ၁၀၀၀၀ ကျပ်ဈေးနှုန်းတို့မြင့်တက်ကြောင်း‌ မုံရွာမြို့နေ ဆန်စက်ပိုင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)