ကုန်သွယ်မှုသတင်းများ
တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ(၆-၆-၂၀၂၃)ကို အောက်ပါ pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်”ဆိုသည့် ဌာန၏မျှော်မှန်းချက်တာဝန်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ငါးမျိုးစုံရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမအပတ်အတွင်း ဖြစ်ပေါ်နေသောငါးလက်လီဈေးနှုန်းများမှာ ငါးရံ့အကောင်လိုက်တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊
ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးအတွင်းရောင်းချနေသောသစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီးဝင်ရောက်လျက်ရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ကျေးရွာများတွင် ငရုတ်ကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသည်ကိုတွေ့ရှိရပါသည်။ မြေတစ်ဧကလျှင် ငရုတ်မျိုးစေ့ ၉ထုပ်စိုက်ပျိုးရပြီး ငရုတ်အမျိုးအစားများစွာရှိသော်လည်း တောင်သူအများစုစိုက်ပျိုးသောမျိုးစေ့များမှာ ၀၀၄၊ ၄၄၊ ၉၉ စသောသာမိုနှင့်ဒီမွန်မျိုးများကိုသာ အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း၊ မျိုးစေ့တစ်ထုပ်လျှင် သာမိုမျိုးစေ့မှာ ၁၇၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ ၄၄နှင့် ၉၉မျိုးတို့ကို ၅၀၀၀ကျပ်နှုန်းစီပေးဝယ်ရကြောင်း၊ ကျန်မျိုးစေ့များသည် မျိုးသာကွာပ

ပြောင်းဖူးကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ကျေးရွာများတွင် စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသည်ကိုတွေ့ရှိရပါသည်။ မြေတစ်ဧကလျှင် ပြောင်းဖူးမျိုးစေ့ ၁ထုပ်စိုက်ပျိုးရပြီး လက်ဖြင့်စိုက်ပျိုးလျှင် မျိုးစေ့တစ်ထုပ်၊ စက်ဖြင့်စိုက်ပျိုးလျှင် (၁)ထုပ်နှင့် နို့ဆီဘူး (၃) ဘူးစိုက်ပျိုးရပါကြောင်း၊ ပြောင်းမျိုးစေ့အများအပြားရှိသော်လည်း ၆၂၁၊ ၈၀၈၊ ၃၃၉ မျိုးများကိုသာ အများဆုံးစိုက်ပျိုးလျက်ရှိပါကြောင်း၊ မျိုးစေ့ ၁ထုပ်လျှင် ၈၀၀၀၀ကျပ် ပေးဝယ်ရကြောင်း၊ မြ
